EP - (14)

499 61 7
                                    

"နောက်ဆုံးတော့လဲနာဂျယ်မင်းကလူတကာနဲ့ပတ်အိပ်နေတဲ့အဆင့်အတန်းမရှိတဲ့လူပါပဲ"

ဂျယ်နိုရဲ့မျက်လုံးတွေကစိတ်တိုမှုကြောင့်လား ခံပြင်းမှုကြောင့်လားမသိပေမယ့်နီရဲနေပြီးတော့ ဂျယ်မင်းကိုမျက်မှောင်ကြုံ့ပြီးကြည့်နေခဲ့တယ်။

ဂျယ်မင်းရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားခံရတာကြောင့် ဂျယ်မင်းရဲ့လက်ကနာကျင်နေပြီးတော့အခုချိန်လောက်ဆိုနီရဲနေလောက်ပြီ။

"ငါ့ကိုမင်းလက်မခံရဲတာလိပ်ပြာမလုံလို့မလား။ မင်းကယောင်္ကျားတကာနဲ့ပတ်အိပ်...—"

'ဝုန်း'

ဂျယ်နိုရဲ့ပါးပြင်ပေါ်ကိုအားနဲ့တိုးဝင်လာတဲ့လက်သီးတစ်ချက်နဲ့အတူတူ လက်သီးအရှိန်ကြောင့်အနောက်ကိုဆုတ်သွားတဲ့အခါမှာအနောက်မှာရှိတဲ့ဓာတ်တိုင်ကိုဝင်တိုက်မိတဲ့ 'ဝုန်း' ဟူသောအသံ။

အခုဂျယ်မင်းကသူ့ကိုထိုးလိုက်တာလား? သူ့ကို? ငယ်ငယ်ထဲကသူ့မိဘတွေကတောင်သူ့ကိုတစ်ချက်မရိုက်ခဲ့ဖူးတာကို။ ဒီလိုကောင်ကထိုးရဲတယ်?!

ဂျယ်မင်းရဲ့အစထဲကနီရဲနေတဲ့မျက်လုံးတွေဟာပိုမိုမဲမှောင်သွားကာ ပိုပြီးကြောက်ဖို့ကောင်းလာပြီးသူ့ရဲ့မျက်နှာကလည်းမဲမှောင်သွားပါ၏။

ဂျယ်နိုရဲ့လက်မကသူ့ရဲ့နှုတ်ခမ်းထောင့်ကဂျယ်မင်းရဲ့ထိုးလိုက်မှုကြောင့် သွေးစို့သွားတဲ့ဒဏ်ရာကိုကိုင်လိုက်ပြီးသူ့လက်မမှာသွေးစအချို့ပြန်ပါလာတာကိုတွေ့တဲ့အခါမှာတော့ဂျယ်နိုရဲ့မျက်နှာကပိုပြီးမှောင်မဲလာတော့တယ်။

"မကောင်းတဲ့ကောင်..."

ဂျယ်မင်းရဲ့အသံကတိုးညှင်းစွာနဲ့နာကျည်းမှုပြည့်စွာဖြင့်ထွက်သွားပြီးတော့ ဒီအသံကိုဂျယ်နိုကကျိန်းသေပေါက်ကိုကြားလိုက်ရပါသည်။

ဂျယ်မင်းရဲ့မျက်နှာကခံပြင်းမှုနဲ့အရှက်ရမှုကြောင့်သူ့ရဲ့မျက်ဝန်းမှာမျက်ရည်အချို့ကစုဝေးလာတယ်။ ဂျယ်မင်းရဲ့မျက်လုံးတွေကဂျယ်နိုကိုသေသေချာချာစိုက်ကြည့်နေတယ်။

"မင်းအခုငါ့ကိုထိုးလိုက်တာလား..."

ဂျယ်နိုရဲ့အသံကတည်ငြိမ်အေးစက်စွာပဲထွက်လာပြီးတော့ဂျယ်မင်းရဲ့ မျက်နှာကိုဓားသွားအချို့ပါဝင်နေတဲ့မျက်လုံးများဖြင့်စိုက်ကြည့်နေခဲ့တယ်။

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽Where stories live. Discover now