EP - (25)

426 50 14
                                    

'တီ.... တီ... တီ.... တီ... လူကြီးမင်းခေါ်ဆိုသောဖုန်းမှာသက်မှတ်ချိန်အတွင်းပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့်...—'

ဂျယ်မင်းကနောက်တစ်ခေါက်ဖုန်းကိုင်လိုက်ပေမယ့်လည်းအခုချိန်ထိမကိုင်တာကြောင့် ဂျယ်မင်းကဖုန်းကိုချလိုက်ပြီးတော့ဂျယ်နိုကိုနောက်တစ်ခါစာပို့လိုက်တယ်။

'ငါအပေါက်ဝမှာရောက်နေပြီ။ ထွက်ခဲ့တော့'

ဂျယ်မင်းကစာကိုကြည့်နေလိုက်တော့တစ်ဖက်လူကချက်ချင်းဖတ်သွားသည်ကို တွေ့လိုက်ရတာကြောင့်ဂျယ်မင်းကဒီအတိုင်းပဲအပေါက်ဝမှာရပ်စောင့်နေလိုက်တယ်။

စာတွေ့ပြီးပြီဆိုတော့ကျိန်းသေပါက်မကြာခင်မှာပဲဂျယ်နိုကထွက်လာတော့မယ်ဟူသောအတွေးနဲ့ပေါ့။ ငါးမိနစ်။ ငါးမိနစ်ကနေဆယ်မိနစ်။

နောကိဆုံးတစ်ဆယ့်ငါးမိနစ်ကြာသွားတာတောင်မှဂျယ်နိုကမထွက်လာသေး။ ဂျယ်မင်းကအေးချမ်းတဲ့ဆောင်းရာသီရဲ့နှင်းတွေအောက်မှာဒီအတိုင်းရပ်စောင့်နေခဲ့တယ်။

သူကအထဲထဲကိုလဲမဝင်သွားချင်။ ကလပ်ဟာသူ့လိုကျောင်းသားတစ်ယောက်ငသွားရမည့်နေရာမဟုတ်သလို သူအထဲကိုဝင်သွားစရာအကြောင်းလဲမရှိချေ။

ဒါပေမယ့်ဂျယ်နိုကမိနစ်နှစ်ဆယ်ကြာတဲ့အထိမထွက်လာသေးတဲ့အခါမှာ ဂျယ်မင်းကစပြီးစိုးရိမ်ပူပန်လာတယ်။ တစ်ခုခုများဖြစ်နေတာလားဟူ၍။

ဂျယ်မင်းကတုံ့ဆိုင်းမနေပဲနဲ့ချက်ချင်းပဲဂျယ်နိုရဲ့နာမည်ကိုပြောကာ ကလပ်ထဲကိုဝင်လိုက်လေတယ်။ ကခုန်နေတဲ့များပြားလှသောလူတွေနဲ့ဆူညံလှသောသီချင်းသံတွေ။

ဒီကြားထဲမှာမှအရက်နံ့၊ ဆေးလိပ်နံ့။ ပြီးတော့လူတွေအများကြီးရှေ့မှာတင်ဟိုတယ်မသွားပဲဖြစ်ချင်ရာဖြစ်နေတဲ့ယောင်္ကျားတွေ။ အရာအားလုံးကဂျယ်မင်းအမုန်းဆုံးအရာတွေ။

ဂျယ်မင်းဟာသူ့ရဲ့သိက္ခာ၊ အရှက်နဲ့ မာနကိုအများကြီးဂရုစိုက်တဲ့လူငယ်တစ်ယောက်။ ဒီခေါတ်ကြီးမှာ sexလုပ်တာကဘာဆိုဘာမှမထူးဆန်းဘူးဆိုပေမယ့်လူတကာနဲ့ဖြစ်နေတဲ့လူမျိုးကိုဂျယ်မင်းကအမုန်းဆုံးဖြစ်သည်။

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽Where stories live. Discover now