EP - (18)

430 52 11
                                    

"မင်းကအဲ့အဆင့်အတန်းနဲ့ငါ့သားဘေးမှာနေနေတာလား?! အရှက်မရှိလိုက်တာ"

ဂျယ်မင်းကကိုယ့်ရဲ့ပါးအသားတို့ကိုနာကျင်အောင်ကိုက်လိုက်ရင်းပဲဘာဆိုဘာမှခွန်းတုံ့မပြန်နိုင်တဲ့ ကိုယ့်ကိုယ်ကိုအပြစ်ပေးလိုက်မိတယ်။

ဂျယ်နိုကအခုချိန်ထိသူ့ဖုန်းကလွဲပြီးကျန်တဲ့အရာတွေတစ်ခုကိုမှဂရုမစိုက်။ သူ့ဘေးနားကသူ့ရဲ့ချစ်သူရည်းစားဟာဘယ်လောက်အားငယ်နေမလဲဆိုတာလည်းစဉ်းစားမိတဲ့ပုံမပေါ်။

ဂျယ်မင်းအခုအချိန်ဟာတကယ့်ကိုအားကိုးရာမဲ့နေတဲ့အချိန်တစ်ခု။ သူလဲသူ့မိဘရဲ့အဖိုးတန်တဲ့ရတနာလေးပဲကို။ ဘာလို့ဒီမှာလာပြီးအဆင့်မရှိတာတွေ အရှက်မရှိတာတွေလို့အပြောခံနေရတာလဲ။

ဂျယ်မင်းကအားငယ်လာတာကြောင့်သူ့ရဲ့ဘေးနားမှာထိုင်နေတဲ့ချစ်သူဖြစ်သော ဂျယ်နိုရဲ့ပေါင်အားသူ့လက်ချောင်းများဖြင့်တို့ထိကာအကူအညီတောင်းလိုက်တယ်။ ဒါပေမယ့်လည်းသူဟာလျစ်လျှူရှုခံရဆဲ။

"ဂျယ်နို  သားဘာလို့ဒီလိုအဆင့်မရှိတဲ့လူနဲ့တွဲနေရတာလဲ"

ထိုအမျိုးသမီးရဲ့စကားတွေကိုနောက်ဆုံးတော့ဂျယ်နိုကသတိထားမိသွားပုံရသည်။ ဂျယ်နိုကသူ့လက်ထဲကဖုန်းကိုအကြည့်တစ်ချက်မလွှဲပဲပြတ်သားစွာပြောလိုက်တယ်။

"ဂျယ်မင်းကဘယ်လိုအဆင့်ဖြစ်နေလို့လဲ မေမေ?"

ဂျယ်နိုရဲ့စကားကကာကွယ်တာလား ပုတ်ခတ်တာလား ကြားလယ်တွေနေနေခြင်းလားဆိုတာကိုခန့်မှန်း၍မရနိုင်။ ဂျယ်နိုရဲ့စိတ်ကခန့်မှန်းဖို့ရာထူးဆန်းလွန်းပါသည်။

"ဂျယ်မင်းရဲ့မိသားစုနောက်ခံကလိုအပ်လို့လား"

ဂျယ်မင်းကဂျယ်နိုရဲ့ကာကွယ်ပေးနေပုံရတဲ့စကားကြောင့်အနည်းငယ် စိဆ်သက်သာရာရသွားပြီးစိတ်လှုပ်ရှားမှုတို့အချို့ကပျောက်ကွယ်သွားပေမယ့်လည်း ဂျယ်နိုရဲ့နောက်စကားတစ်ခွန်းကသူ့ရဲ့မျှော်လင့်ချက်တွေကိုဖျက်ဆီးပစ်လိုက်တယ်။

"ဘာပဲဖြစ်ဖြစ်လက်ထပ်မှာလဲမဟုတ်ဘူး"

"..."

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽Where stories live. Discover now