EP - (23)

451 50 12
                                    

ပန်းချီပုံမျိုးစုံဖြင့်လှပနေတဲ့ကော်ဖီဆိုင်တစ်ဆိုင်ဟာအရမ်းကိုတိတ်ဆိတ်လွန်းနေတယ်။ ဂျယ်မင်းကသူ့ရဲ့ရှေ့မှာချထားတဲ့မဲနက်နေတဲ့ကော်ဖီအေးဘူးကိုကိုင်ကာသောက်နေတယ်။

"အရင်ကချိုတဲ့ကော်ဖီပဲသောက်တာမဟုတ်ဘူးလား"

ဂျယ်နိုကသူ့ရဲ့ခုံနောက်မှီကိုမှီရင်းပဲကော်ဖီသောက်နေတဲ့ဂျယ်မင်းအကြောင်းကို အကုန်သိနေတဲ့ပုံစံနဲ့မေးလိုက်တဲ့အခါမှာတော့ဂျယ်မင်းကတစ်ချက်ရယ်လိုက်ကာ

"ငါချိုတဲ့ကော်ဖီမသောက်ဘူး။ ခါးသက်နေတာပဲကြိုက်တာ"

ဂျယ်နိုကသူ့ရဲ့မျက်ခုံးတစ်ဖက်ကိုမြှင့်လိုက်ကာဂျယ်မင်းကိုကြည့်လိုက်တော့ ဂျယ်မင်းကသူ့ရဲ့ကော်ဖီဘူးကိုချကာအေးစက်စွာပဲပြန်ဖြေလိုက်ပါသည်။

"ဒီအတိုင်းမင်းဝယ်တိုက်တာမို့လို့ငါသောက်ခဲ့တာ။ မင်းကတော့ငါ့အကြောင်းဘာမှမသိဘူးလေ

အခုရော အရင်ကရော"

ဂျယ်နိုရဲ့မျက်နှာကချက်ချင်းပျက်သွားလေတော့သည်။ ဂျယ်နိုထင်ခဲ့တာကသူဟာဂျယ်မင်းရဲ့အကြောင်းမှန်သမျှကိုအကုန်သိတယ်လို့။

ဒါပေမယ့်မဟုတ်ခဲ့။ ဒီအတိုင်းဂျယ်မင်းကသူ့ကိုချစ်၍ဟန်ဆောင်ကာ မျက်နှာသာပေးနေခဲ့ခြင်းသာဖြစ်ခဲ့သည်။ သူဟာဂျယ်မင်းအကြောင်းကိုဘာမှမသိခဲ့။

သူတို့ဟာနှစ်တွေအကြာကြီးအတူတူရှိလာပြီးတော့တစ်ယောက်နားမှာတစ်ယောက် အတူတူအဖော်ပြုနေပေးခဲ့တယ်ဆိုပေမယ့်လည်းနောက်ဆုံးမှာဂျယ်နိုဟာဂျယ်မင်းအကြောင်းဘာမှမသိခဲ့တာပါလား။

"ဘာပြောချင်တာလဲ မြန်မြန်ပြော"

"ဒါပြီးရင်သွားစရာရှိလို့လား?"

"အင်း ဂျီဆောင်းဆီ"

ဂျယ်မင်းကသူ့လက်ထဲတွင်ကိုင်ထားသောဖုန်းကိုဖွင့်ကာနာရီကိုကြည့်ရင်းပြောလိုက်တော့ ဂျယ်နိုကနားလည်သွားပုံဖြင့်ခေါင်းငြိမ့်လိုက်ပါသည်။

ဂျယ်မင်းကသူ့အလုပ်နဲ့သူအလုပ်ရှုပ်နေတာကိုသိပေမယ့်လည်းသူက 'ခဏလောက်ကိုယ့်ဘေးမှာတူတူရှိနေပေးလို့မရဘူးလား' ဟုဂျယ်နိုကတောင်းဆိုကြည့်ချင်ပါသည်။

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽Donde viven las historias. Descúbrelo ahora