EP - (45)

392 44 3
                                    

"ကျနော့်ရဲ့မွေးနေ့ပါတီပွဲလေးကိုကြွရောက်လာပေးကြတဲ့လူတိုင်းကိုကျေးဇူးတင်ပါတယ်ဗျ"

အနောက်ခံအဖြူနဲ့ပန်းတွေပြည့်နေတဲ့စင်ပေါ်မှာ ဂျယ်မင်းရဲ့အဖေဖြစ်သူကဝိုင်ခွက်တစ်ခွက်နဲ့အတူတူ ဝတ်စုံပြည့်ဖြင့်မတ်တပ်ရပ်ကာမိုက်နှင့်အတူတူစကားပြောနေတယ်။

သူ့မျက်နှာပေါ်ကရွှင်လန်းတဲ့အပြုံးတစ်ခုဟာ သူကအခုဘယ်လောက်တောင်ဂုဏ်ယူနေပြီးတော့ ပျော်ရွှင်နေလဲဆိုတာကိုဖော်ပြနေတယ်။

ထိုင်ဖို့အတွက်ချပေးထားတဲ့နည်းပါးတဲ့စားပွဲခုံအသီးသီးမှာ လူတွေကရှိမနေဘဲနဲ့အကုန်လုံးကမတ်တပ်ရပ်ကာ ဝိုင်ခွက်တစ်ခွက်ဆီဖြင့်ရှိနေကြတယ်။

ဝတ်ထားတဲ့လှပပြီးအထက်တန်းစားဆန်သော လက်ဝတ်ရတနာတွေနဲ့အဝတ်အစားတို့ကိုဝတ်ထားတာတောင်မှ စိတ်ဓာတ်ကအပေါစားဆန်နေတဲ့လူလဲရှိတာပါပဲ။

ဥပမာပြရမှာမယ်ဆိုရင်စင်ပေါ်မှာရပ်နေသောသူ့အဖေပဲပေါ့။ ဂျယ်မင်းကဂျယ်နိုနဲ့အတူတူမတ်တပ်ရပ်နေပြီးတော့ ဂျီဆောင်းရဲ့မျက်နှာကိုကြည့်နေမိသည်။

ဂျီဆောင်းကသူ့ကိုစေ့စပ်ပေးမယ့်လူဖြစ်တဲ့ နာရာဆိုတဲ့ကောင်မလေးနဲ့အတူတူရှိနေပြီးတော့ ထိုကောင်မလေးကသူတို့အဖေရဲ့ငယ်သူငယ်ချင်းရဲ့သမီးတစ်ယောက်။

ထိုငယ်သူငယ်ချင်းဆိုသူကလည်း သူတို့ဒုက္ခရောက်နေတုန်းမှာဘယ်နားရောက်လို့ရောက်နေမှန်းမသိတဲ့လူတွေ။ ဒါကိုအခုချိန်မှာဂျီဆောင်းနှင့်စေ့စပ်ပေးမည်တဲ့။

ဘယ်လိုတောင်အဓိပ္ပာယ်မရှိတာလဲလို့သူ့အဖေကို အော်ကာပြောပစ်ပြီးရန်ဖြစ်ချင်ပေမယ့် ဂျီဆောင်းနဲ့ဂျယ်နိုကသူ့ကိုဒီလိုမလုပ်ရန်တားဆီးထားသည်လေ။

"ဒီလိုသာယာတဲ့ညလေးမှာကျနော်ကကြောငြာစရာသတင်းကောင်းလေးရှိပါတယ်"

ဂျယ်မင်းကထိုစကားနဲ့အတူတူ ဂျယ်နိုကိုကြည့်လိုက်မိတော့ ဂျယ်နိုကဂျယ်မင်းအားပြုံးပြလာပြီး ဂျယ်မင်းရဲ့ခေါင်းအားအသာလေးသပ်ပေးလိုက်ပါ၏။

"အဆင်ပြေမှာပါ~"

ဂျယ်နိုရဲ့လေတိုးသံလေးကဂျယ်မင်းကို နှစ်သိမ့်ပေးပြီးတော့စိတ်ကိုအေးသွားစေတယ်။ ဂျယ်နိုပြောသလိုပဲဂျီဆောင်းက ကလေးမဟုတ်တော့။

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽Tempat cerita menjadi hidup. Temukan sekarang