'တီ တီ တီ တီ တီ တီ တီ'
'တီ' ဟူသောအသံများကစည်းချက်ညီစွာနဲ့ဂျယ်မင်းရဲ့ဘေးနားကနေ တောက်လျှောက်ထွက်ပေါ်နေလေပြီးဂျယ်မင်းကမျက်လုံးကိုမှိတ်ထားရင်းနဲ့ပဲအသက်ပြင်းပြင်းရှူမိသည်။
အကြောင်းပြချက်ကတော့သူဟာအသက်ရှူမဝ၍။ ဂျယ်မင်းကအသက်ရှူဝတဲ့အထိရှူပြီးတော့မှသူ့ရဲ့မျက်လုံးတွေကိုဖြည်းဖြည်းချင်းဆီဖွင့်လိုက်ပါသည်။
ဒါပေမယ့်လည်းအရမ်းလင်းလွန်းတဲ့ပြင်းထန်သောအလင်းရောင်ကြောင့် ဂျယ်မင်းကချက်ချင်းပဲသူ့မျက်လုံးတွေကိုပိတ်ပစ်လိုက်ရသည်။
တအားလင်းတဲ့အလင်းရောင်ကြောင့်သူကသူ့လက်တွေကိုလက်သီးအနေနဲ့ဆုပ်လိုက်မိတယ်။ ထိုအရာကိုတန်းမြင်သွားတဲ့ဂျီဆောင်းကဂျယ်မင်းဆီကိုပြေးလာခဲ့တယ်။
"အကို အကို နိုးပြီလား"
ဂျီဆောင်းရဲ့အသံ...။ ဂျီဆောင်းရဲ့အသံကိုဂျယ်မင်းကြားရသည်။ အသံမကြားရတာကမှပိုကောင်းပါဦးမည်။ အခုတော့ပိုပြီးစိတ်ပူနေရသည်လေ။
ဂျယ်မင်းကဂျီဆောင်းထိခိုက်ဒဏ်ရာရှိမရှိကိုကြည့်ဖို့လုပ်လိုက်ပေမယ့်လည်း သူဟာသူ့ရဲ့မျက်လုံးတွေကိုမဖွင့်နိုင်သေး။ အလင်းရောင်ကသူ့ကိုတိုက်ခိုက်နေပါသည်။
'ဝုန်း'
ဂျယ်မင်းကတံခါးဖွင့်သံအကျယ်ကိုကြားလိုက်ရပြီးတော့သူ့အနားကို တစ်စုံတစ်ယောက်ကအမြန်ပင်အပြေးအလွှားသူ့နားရောက်လာသည်။
"ဟန်နီ... ဟန်နီ"
ဂျယ်မင်းကရုပ်မမြင်ဘဲအသံပဲကြားရတာတောင်မှလေးပင်သောသက်ပြင်း တစ်ခုကိုချလိုက်မိပါတော့သည်။ ဘာလို့လီဂျယ်နိုကဒီကိုရောက်နေရပြန်တာလဲ။
"အကို မျက်လုံးဖွင့်ကြည့်ပါဦး...~"
ဂျီဆောင်းရဲ့အသံကိုကြားတာကြောင့်ဂျယ်မင်းကနောက်တစ်ခါမျက်လုံးကိုပြန်ဖွင့်လိုက်သော်လည်း သူ့ရဲ့မျက်လုံးကခဏလေးမှာတင်ပြန်ပြီးပိတ်သွားရသည်။
ဂျယ်မင်းကစိတ်တိုစွာပဲသူ့နှုတ်ခမ်းကိုကိုက်လိုက်မိကာသူ့ရဲ့လက်တွေကို မျက်လုံးပေါ်မှာအုပ်ဖို့ကြိုးစားလိုက်ပေမယ့်လည်းသူ့ရဲ့လက်ကအောက်ကိုပြန်ချထားဖို့ဖိအားပေးခံလိုက်ရတယ်။
أنت تقرأ
𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽
عاطفيةSeason 2 of Love Between CURSE အကြောင်းပြချက်မရှိပဲနဲ့သူချစ်ရတဲ့ကောင်လေးဟာ ရုတ်တရက်ပျောက်ခြင်းမလှပျောက်သွားခဲ့ရတယ် ထူးဆန်းစွာပျောက်ဆုံးမှုကငါးနှစ်ကြာပြီးတဲ့အခါမှာတော့ သူ့ရှေ့တည့်တည့်ကိုပြန်ရောက်လာပြီး အေးချမ်းနေတဲ့ဘဝကစတင်ပြောင်းလဲလာခဲ့တာပါပဲ "Jaemi...