EP - (44)

449 42 4
                                    

"chenle ငါတို့ပြန်ဆွေးနွေးကြရအောင်..."

အခန်းတစ်ခန်းလုံးရဲ့လေထုကအေးစက်နေပြီးတော့ chenlနဲ့ဂျီဆောင်း နှစ်ယောက်လုံးကတစ်ယောက်နဲ့တစ်ယောက်ရဲ့အဝေးမှာထိုင်နေကြတယ်။

နှစ်ယောက်လုံးကစိတ်ပျက်အားလျော့နေပြီးတော့ chenleကသူ့ရဲ့ခေါင်းကိုငုံ့ထားကာသူ့ရဲ့လက်များအားကြည့်ရင်း စဉ်းစားနေပုံရပြီးဂျီဆောင်းကတော့ chenleကိုသာငေးကြည့်နေလေသည်။

ကျေးဇူးပြုပြီး chenle စဉ်းစားပြီးရလာတဲ့အဖြေကဂျီဆောင်းလိုချင်တဲ့အတိုင်း ဖြစ်ဖို့ကိုဂျီဆောင်းကဘုရားသခင်နှင့် တိုင်တည်ပြီးတော့ဆုတောင်းနေမိတယ်။

သူ chenle မရှိလို့မဖြစ်။ chenle ကသူ့ဘေးနားမှာရှိပေးဖို့ကိုရွေးခြယ်ရင်ကောင်းမည်။ chenle ကိုသာသူအဓိကလိုအပ်သည်။ ဂျီဆောင်းရဲ့မျက်နှာထက်မှာမျှော်လင့်ချက်တွေအပြည့်။ ဒါပေမယ့်အဲ့မျှော်လင့်ချက်တွေအကုန်လုံးကို chenleကရိုက်ချိုးလိုက်တယ်။

"ငါမလုပ်နိုင်ဘူး ဂျီဆောင်း.."

"chenle... မင်းသာငါ့ကိုချစ်ရင်ရတယ်"

ဂျီဆောင်းကထိုစကားအပြီးမှာထိုင်ရာကနေ ထလိုက်ပြီးတော့ chenle ရဲ့အရှေ့မှာဒူးတစ်ဖက်ထောက်ထိုင်ချလိုက်ရင်း chenle ရဲ့လက်တွေကိုဆုပ်ကိုင်လိုက်တယ်။

ဂျီဆောင်းကသူ့ရဲ့လက်တွေကို အငြိမ်မထားနိုင်ဘဲနဲ့ chenleရဲ့လက်နှစ်ဖက်အားတင်းကြပ်စွာကိုင်လိုက်၊ နူးညံ့စွာပွတ်ပေးလိုက်ဖြင့်သူ့စိတ်အတက်အကျမှာမြန်လွန်းနေသည်။

"ငါ့ကိုချစ်ရင်ငါတို့ဒါအကုန်ကျော်ဖြတ်နိုင်တယ်။ ငါကမင်းရှေ့ကရပ်တည်ပေးနိုင်တယ်"

"ဒါပေမယ့်ငါတို့ကညီအကိုအရင်းတွေ ဂျီဆောင်း..."

ဂျီဆောင်းကအားကြိုးမာန်တက်ဖြင့် သူတို့ရဲ့အချစ်ရေး၊ ချစ်သူဆက်ဆံရေးကိုမပျက်စေရန် ကြိုးစားကာပြောလိုက်ပေမယ့်လည်း chenleကစကားတစ်ခွန်းထဲနဲ့အပြီးသတ်လိုက်သည်။

ဟုတ်တယ်။ ဂျီဆောင်းတို့ကအမေ မတူပေမယ့်တူညီတဲ့အဖေကနေမွေးထားတာကြောင့် ညီအကိုအရင်းတွေပင်။ ညီအကိုအရင်းတွေကဒီလိုမဖြစ်သင့်တာအမှန်။

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽Opowieści tętniące życiem. Odkryj je teraz