"ဟယ်လို
အင်း ငါကဂျယ်မင်းပါ"
"နှောင့်ယှက်မိသွားရင်တောင်းပန်ပါတယ်
အင်း ကျေးဇူးနော်။ ဂျယ်နိုနဲ့အဆက်အသွယ်ရလားလို့မေးမလို့ပါ"
"အာ မရဘူးလား။ ကျေးဇူးပါဗျ။
နှောင့်ယှက်မိလို့အားနာပါတယ်"
ဂျယ်မင်းကနောက်ထပ်တစ်ခါသက်ပြင်းချလိုက်ရင်း ဖုန်းကိုချလိုက်ရင်းသူကစိတ်ပျက်စွာမျက်လုံးတွေကိုတင်းကြပ်စွာမှိတ်ပစ်လိုက်မိလေတယ်။
မျက်လုံးကိုတင်းကြပ်စွာမှိတ်လိုက်တာကြောင့် သူ့ရဲ့နှာတံထိပ်နဲ့မျက်ခုံးတွေကတွန့်သွားလေတယ်။ ဂျယ်မင်းရဲ့ခေါင်းတစ်ခုလုံးကမူးကာကိုက်ခဲနေပြီဖြစ်တယ်။
သူသိသမျှဂျယ်နိုရဲ့သူငယ်ချင်းတွေ၊ အသိတွေ၊ အမျိုးတွေအကုန်လုံးကိုဖုန်းဆက်ခဲ့ပြီးပြီဖြစ်သည်။ ဒါပေမယ့်ဂျယ်နိုရဲ့သတင်းကိုတစ်ယောက်မှမသိကြ။
သူ့ရဲ့ရည်းစားချစ်ရသူဟာသဲလွန်စတစ်ခုလေးပင်မကျန်ခဲ့ဘဲအစအနမရှိစွာပျောက်ဆုံးသွားလေပြီ။ ဘယ်သူ့သွားမေးမေးအဆက်အသွယ်မရှိဟူ၍သာ။
'ကလင် ကလင် ကလင်'
ဂျယ်မင်းကသူ့ရဲ့ဖုန်းကတုန်လှုပ်လာတာနဲ့အတူတူဖုန်းကိုချက်ချင်းပဲ ကြည့်လိုက်ပေမယ့်လည်းဝမ်းနည်းဖို့ကောင်းစွာနဲ့ပဲသူကစောင့်ဆိုင်းနေတဲ့ဖုန်းမဟုတ်ခဲ့ဘူး။
ဂျယ်မင်းက 'ဂျီဆောင်း' ဟူသောအမည်ဖြင့်လာနေသောဖုန်းကိုစိတ်ပျက်လက်ပျက်ဖြင့် ကိုင်လိုက်လေပြီးတော့သူ့ရဲ့အသံကိုအတတ်နိုင်ဆုံးရွှင်ပြအောင်လုပ်လိုက်တယ်။
"အင်း ဂျီဆောင်းလေး ပြော"
'အကို အိမ်ပြန်မလာသေးဘူးလား'
"အကိုကကျောင်းအချိန်ပိုကနေဆင်းရင်အိမ်ပြန်လာမယ်လေ ဘာဖြစ်လို့လဲ ဂျီဆောင်းလေး"
ဂျီဆောင်းရဲ့အသံကအနည်းငယ်တုန်ယင်နေကာ တစ်ခုခုကိုတုန်လှုပ်နေသည့်ပုံ၊ ကြောက်နေသည့်ပုံပေါက်တာကြောင့်ဂျယ်မင်းကအနည်းငယ်စိတ်ပူစွာမေးလိုက်တော့ ဂျီဆောင်းပြန်ဖြေလာတာကဂျယ်မင်းကိုပိုပြီးစိတ်ပူသွားစေတယ်။
![](https://img.wattpad.com/cover/302437775-288-k427407.jpg)
YOU ARE READING
𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽
RomanceSeason 2 of Love Between CURSE အကြောင်းပြချက်မရှိပဲနဲ့သူချစ်ရတဲ့ကောင်လေးဟာ ရုတ်တရက်ပျောက်ခြင်းမလှပျောက်သွားခဲ့ရတယ် ထူးဆန်းစွာပျောက်ဆုံးမှုကငါးနှစ်ကြာပြီးတဲ့အခါမှာတော့ သူ့ရှေ့တည့်တည့်ကိုပြန်ရောက်လာပြီး အေးချမ်းနေတဲ့ဘဝကစတင်ပြောင်းလဲလာခဲ့တာပါပဲ "Jaemi...