EP - (5)

582 74 1
                                    

"ကိုယ်ကမင်းကိုကာကွယ်ပေးမယ်"

ဂျယ်မင်းကခေါင်းငုံ့ထားရာကနေခေါင်းမော့ပြီးတော့သူ့ရှေ့ကသူမုန်းရသောလီဂျယ်နိုကိုကြည့်လိုက်တယ်။ ဂျယ်နို့ရဲ့လက်ဟာဂျယ်မင်းရဲ့ခေါင်းပေါ်မှာရှိနေတုန်း။

ဂျယ်နိုနဲ့ဂျယ်မင်းကမျက်လုံးချင်းဆုံထားကြပြီးတော့ဂျယ်မင်းရဲ့မျက်လုံးမှာက မျက်ရည်စလေးတွေတွဲလဲခိုနေဆဲဖြစ်ပြီးဂျယ်နိုကထိုမျက်ရည်လေးတွေကိုသူ့လက်မနဲ့ဖိကာသုတ်ပေးလိုက်ပါ၏။

ပတ်ဝန်းကျင်ကသူတို့ကိုစိုက်ကြည့်နေကြကာဒါပေမယ့်ဒီလူနှစ်ယောက်ကတော့ ပတ်ဝန်းကျင်ကိုလုံးဝမေ့ဖျောက်ကြပြီးတစ်ယောက်အပေါ်တစ်ယောက်သာအာရုံစိုက်ထားကြသည်။

မဟုတ်ဘူးများလား? ဒီအတိုင်းဂျယ်နိုကသာပတ်ဝန်းကျင်ကိုမေ့ဖျောက်ပြီးသူ့ရှေ့ကကောင်လေးကိုသာမြင်နေမိတာဖြစ်လောက်ပါမည်။ဒါပေမယ့်ဒါကဘာအရေးပါနေလို့လဲ?

ဂျယ်နိုရဲ့လက်မကဂျယ်မင်းရဲ့ပါးနုနုလေးကိုဖွဖွလေးဖိကာပွတ်ပေးနေပြီး ဂျယ်နိုကဂျယ်မင်းကိုနောက်တစ်ခါထပ်ပြောလိုက်တယ်။

"ကတိပေးတယ်"

"ငါမင်းကိုမယုံဘူး။ ငါ့ကိုအသုံးမကျတဲ့ကတိတွေလာမပေးနဲ့"

ခါးသီးစွာပြောလာပြီးထွက်သွားလေတဲ့ဂျယ်မင်းပင်။ ဒါပေမယ့်ဂျယ်နိုကဂရုမစိုက်ဘဲလမ်းလျှောက်ထွက်သွားတဲ့ဂျယ်မင်းကနောက်လိုက်ကာဆက်ပြောလိုက်တယ်။

"မင်းမယုံလဲမတတ်နိုင်ဘူး ကိုယ်မင်းကိုကာကွယ်ပေးမယ်"

ဂျယ်မင်းကဓာတ်လှေကားထဲတက်သွားတော့ဂျယ်နိုကပါဓာတ်လှေကားထဲလိုက်ဝင်လိုက်တယ်။ ထိုအခါမှာဂျယ်မင်းကပြောလာတယ်။

"ငါ့ကိုအသုံးမဝင်တဲ့ကတိတွေမပေးနဲ့လို့ငါပြောနေတယ်နော်"

ဂျယ်မင်းကခုဏကတင်ရုတ်တရက်ကြီးထိုင်ငိုထားတဲ့လူနဲ့မတူညီစွာပဲ အေးစက်စွာပြောလိုက်ပေမယ့်လည်းဂျယ်နိုကဂရုမစိုက်ဘဲဂျယ်မင်းရဲ့လက်ကိုဆွဲကိုင်လိုက်ပါ၏။

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽حيث تعيش القصص. اكتشف الآن