EP - (30)

462 47 0
                                    

အဲကွန်းအသံအပြင်ဘာမှမကြားရဘဲတိတ်ဆိတ်ငြိမ်သက်နေတဲ့ဆေးရုံခန်းထဲမှာ ကောင်လေးနှစ်ယောက်ကအေးစက်စွာတည်ရှိနေကြတယ်။

ဂျယ်မင်းကဆေးရုံကုတင်ပေါ်မှာဘာစကားမှမပြောဘဲငြိမ်ငြိမ်လေးလှဲနေပြီးတော့ ဂျယ်နိုကိုကျောခိုင်းလျက်ရှိနေပြီးတော့ဂျယ်နိုကတော့ဂျယ်မင်းရဲ့နောက်ကျောကိုစိုက်ကြည့်နေပါ၏။

သူတို့နှစ်ယောက်ကြားထဲမှာတိတ်ဆိန်မှုနဲ့အေးဆေးမှုက ကြီးစိုးနေပြီးတော့ဂျယ်မင်းကဂျယ်နိုကိုအပြည့်အဝလျစ်လျှူရှုထားလေတယ်။

ဂျယ်နိုကတော့သူ့ကိုမရှိတဲ့လေထုလိုသဘောထားကာလျစိလျှူရှုထားတဲ့ ကောင်ငယ်လေးရဲ့ကျောပြင်ကိုဒီအတိုင်းပဲထိုင်ပြီးစိုက်ကြည့်နေခဲ့လေသည်။

"မိုးရွာနေတာပဲ"

ဂျယ်မင်းကအခန်းထဲကကြီးမားတဲ့အပြင်ကိုမြင်ရတဲ့ဖန်သားပြင်ကနေ ကောင်းကင်ကိုကြည့်နေတာကိုဂျယ်နိုကသိတာကြောင့်အပြင်ကမိုးတွေကိုကြည့်ပြီးပြောလိုက်သည်။

မိုးပေါက်တွေကတောက်လျှောက်ကျနေပြီးတော့ မိုးရေအောက်မှာ 'ထီး' ဆိုတဲ့အကာအကွယ်မပါတဲ့လူသားတွေရောအဆင်ပြေကြရဲ့လား?

ဂျယ်နိုကပြောလိုက်ပေမယ့်ဂျယ်မင်းကတော့သူ့ကိုမကြားရတဲ့ပုံဖြင့်လျစ်လျှူရှုထားဆဲ။ ဒါပေမယ့်ဂျယ်နိုသိသည်။ ဂျယ်မင်းကအိပ်နေတာမဟုတ်ပါ။ ဒါကြောင့်ဂျယ်နိုကထပ်ပြောလိုက်ပါသည်။

"မှတ်မိလား။ ဟန်နီကကျောင်းတုန်းကဘောလုံးကန်တဲ့ကိုယ့်ကိုထီးလိုက်ဆောင်းပေးတာလေ"

"..."

"ကိုယ်ကထီးဆောင်းရမှာပျင်းတယ်။ အဲ့ကြရင်ဟန်နီကအမြဲတမ်းကိုယ့်ကိုထီးလိုက်ဆောင်းပေးတာလေ။ တစ်ခါတစ်လေဟန်နီကကိုယ့်ကိုခေါင်းပါသုတ်ပေးသေးတယ်"

ဂျယ်နိုကသူတို့ရဲ့အတိတ်အကြောင်းတွေကိုပျော်ရွှင်လွမ်းဆွတ်မှုတွေနဲ့ ပြောလာတဲ့အခါမှာဂျယ်မင်းကတော့တိတ်ဆိတ်ခြင်းကိုအဆောင်ပြုပြီးဒီအတိုင်းပဲဆက်လှဲနေတယ်။

"ဟန်နီမှတ်မိမလားတော့မသိဘူး။ တစ်ရက်လေ... ကိုယ်ထီးမဆောင်းလို့ဆိုပြီးကိုယ့်ကိုစိတ်ကောက်တာ။ ကိုယ်ဟန်နီ့ကိုသုံးရက်လောက်ချော့လိုက်ရသေးတယ်~"

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽Where stories live. Discover now