EP - (24)

424 46 13
                                    

"သောက်စမ်းပါကွာ သောက်လေကွာ!"

လူတွေရဲ့ပျော်မြူးသံ၊ သီချင်းသံတွေနဲ့ပြည့်နှက်နေကာဆူညံနေတဲ့လူတွေရှုပ်လှသော အနီရောင် ၊အပြာရောင် ၊အဖြူရောင် ၊အဝါရောင်မီးတွေကခေါင်းမူးစေတယ်။

တိုကပ်နေသောဂါဝန်ငယ်တွေကိုဆွဲဆောင်မှုရှိစွာဝတ်ဆင်ထားသော မိန်းကလေးငယ်တွေကဆူညံနေတဲ့သီချင်းသံနဲ့အတူတူကခုန်နေကြတယ်။

အရက်ဘားမှာလှုပ်ခတ်နေတဲ့ကော့တေးဖျော်နေတဲ့ကော့တေးဖျော်ဆရာနဲ့အတူတူ ဘားဘေးတစ်လျှောက်မှာထိုင်နေတဲ့ယောင်္ကျားလေးတွေ၊ မိန်းကလေးတွေရဲ့မျက်နှာတွေကအရက်ရှိန်ကြောင့်လားမသိပါ။ နီရဲနေကြပါသည်။

"ဂျယ်နို! သောက်လေကွာ မင်းကလဲ"

ဝိုင်းတွေအားလုံးထဲကမှချမ်းသာတဲ့လူများသာစုရုံးနေကာ အရောင်တွေထင်းနေတဲ့ဈေးကြီးသောလက်ပတ်နာရီတွေ၊ ဖိနပ်တွေ၊ နာမည်ကြီးအင်္ကျီတွေကိုဝတ်ဆင်ထားတဲ့ဝိုင်းကတော့ထင်းနေခဲ့တယ်။

ချောမောသည်လား အဆင့်အတန်းရှိသောကြောင့်ခမ်းနားထည်ဝါသည်လားမခွဲနိုင်သည့်ငယ်ရွယ်သောယောင်္ကျားလေးတစ်အုပ်စု။

ဒီသူငယ်ချင်းအုပ်စုရဲ့ငယ်ရွယ်ပေမယ့်ကြီးမားလှတဲ့အရှိန်အဝါကြောင့် အတော်အတန်လှတဲ့မိန်းကလေးငယ်များဟာသူတို့အနားကိုတစ်ချက်ပင်မကပ်လာရဲကြ။

လူကြီးတစ်ယောက်ယောက်ကသာတွေ့ပါကသူတို့ကသေသေချာချာကိုပြောလာပါလိမ့်မည်။ အသက်တောင်မပြည့်သေးတဲ့အထက်တန်းကျောင်းသားတွေကဒီမှာဘာလာလုပ်နေတာလဲဟူ၍။

ကျောင်းဝတ်စုံမဝတ်ထားဘဲဈေးကြီးကာနာမည်ကြီးတဲ့အင်္ကျီတွေကိုဝတ်ဆင်ထားတာတောင်မှ ဒီကောင်ငယ်လေးတွေရဲ့ငယ်ရွယ်မှုဟာထင်ရှားလို့နေတယ်။

ဂျယ်နိုကမြင့်တက်နေတဲ့အရှိန်နဲ့အတူတူသူ့ရဲ့ဘေးနားမှာထိုင်နေတဲ့ လှပသောကောင်မလေးကိုတစ်ချက်ကြည့်လိုက်ရင်းသူ့သူငယ်ချင်းတွေ အတင်းတိုက်တဲ့အရက်ခွက်ကိုတစ်ချက်ထဲနဲ့မော့လိုက်တယ်။

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽Where stories live. Discover now