"ဂျယ်မင်း ငါဒီမှာဂိမ်းဆော့နေတယ်။ အသံလေးတိုးပေးစမ်းပါ"
ဂျယ်မင်းကဂျယ်နိုရဲ့စကားသံကြောင့်သူ့လက်ထဲမှာကိုင်ထားတဲ့ဓားကို ဖြည်းညှင်းစွာလှုပ်ရှားရင်းနဲ့အသီးအရွက်တို့ကိုအသံမထွက်အောင်လှီးလိုက်ပါ၏။
ဖြည်းညှင်းစွာလုပ်ရတာကြောင့်အနည်းငယ်ကြာသွားပေမယ့်လည်းဂျယ်မင်းက ဟင်းရည်အိုးထဲအရွက်တို့ကိုအချိန်မှန်ထည့်လိုက်နိုင်ပါတော့သည်။
"အာ့"
ဂျယ်မင်းကဂျယ်နိုနဲ့သူ့အတွက်ညစာစားဖို့ရာချက်နေတာဖြစ်ပြီးတော့ ဂျယ်နိုကတော့ဆိုဖာပေါ်မှာပဲဖုန်းတစ်လုံးဖြင့်ဎိမ်းဆော့၍မပြတ်။
ထိုအချိန်တွင်မှာတော့ဂျယ်မင်းရဲ့လက်ဟာဟင်းရည်စင်သွားပြီဖြစ်သည်။ ဂျယ်မင်းရဲ့လက်ကအပူရှိန်ကြောင့်ချက်ချင်းပဲနီရဲသွားကာပူလာပါတော့သည်။
"ဂျယ်နို ငါ့ကိုသွားတိုက်ဆေးလေးယူပေးပါဦး"
ဂျယ်မင်းကပြောပြီးတော့သူ့ရဲ့ဟင်းအိုးဘက်ကိုပဲပြန်လှည့်လိုက်ပါတော့သည်။ ဂျယ်မင်းရဲ့လက်ထဲမိနစ်အနည်းငယ်ကြာတဲ့အထိဆေးဘူးကမရောက်လာတာကြောင့်ဂျယ်မင်းကနောက်တစ်ခါ
"ဂျယ်နို?"
"ဘာလဲ?"
"ငါ့ကိုသွားတိုက်ဆေးလေးယူပေးပါလို့"
"ကိုယ့်ကိုယ်ကိုသွားယူလေ ဂိမ်းဆော့နေတာမတွေ့ဘူးလား"
ဂျယ်မင်းကဂျယ်နိုရဲ့အဖြေမှာအလိုလိုသက်ပြင်းတစ်ချက်ချလိုက်မိပါတော့သည်။ သူတို့အသက်တစ်ဆယ့်ခုနှစ်နှစ်။ တအားငယ်သေးပေမယ့်သူတို့ကတစ်အိမ်ထဲမှာတူတူနေနေပြီ။
ဂျယ်နိုကဘယ်အချိန်ထဲကစလည်းဆိုတာတော့မသိပေမယ့်ဂျယ်နိုက ပြောင်းလဲလာခဲ့တာသူတို့ရဲ့အစပိုင်းတုန်းကအခြေအနေနှင့်ယခုအခြေအနေဟာအကုန်ဆန့်ကျင်ဘက်။
တစ်ခါကသူ့ရဲ့လက်ကိုအပူလောင်ဖို့မပြောနဲ့ နေတောင်အလောင်မခံဘဲထီးလိုက်ဆောင်းပေးခြင်း၊ နေရောင်ခံလိမ်းပေးဖူးတဲ့လူကယခုတော့သူ့ဂိမ်းနဲ့သူ။
ဂျယ်မင်းကနံနက်အစောကြီးထထားမှုကြောင့်အိပ်ရေးမဝ၍လားမသိ။ ခေါင်းမူးခြင်းဒဏ်ကိုခံစားနေရပြီးဂျယ်မင်းရဲ့မျက်လုံးတွေဟာဝေဝါးနေပါ၏။

YOU ARE READING
𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽
RomanceSeason 2 of Love Between CURSE အကြောင်းပြချက်မရှိပဲနဲ့သူချစ်ရတဲ့ကောင်လေးဟာ ရုတ်တရက်ပျောက်ခြင်းမလှပျောက်သွားခဲ့ရတယ် ထူးဆန်းစွာပျောက်ဆုံးမှုကငါးနှစ်ကြာပြီးတဲ့အခါမှာတော့ သူ့ရှေ့တည့်တည့်ကိုပြန်ရောက်လာပြီး အေးချမ်းနေတဲ့ဘဝကစတင်ပြောင်းလဲလာခဲ့တာပါပဲ "Jaemi...