"လီဂျယ်နို ငါတော်တော့လို့ပြောနေတယ်နော်"
ဂျယ်မင်းရဲ့လေသံကအနည်းငယ်မာပြီးတော့အေးစက်နေကာဒေါသအနည်းငယ် ထွက်နေတာကြောင့်အသံနည်းနည်းကျယ်သွားတဲ့အခါအစထဲက တိတ်တခိုးစိုက်ကြည့်နေသောလူတွေဟာသိသိသာသာကိုစိုက်ကြည့်လာကြတယ်။
ဂျယ်မင်းရဲ့မျက်နှာကအေးစက်မာကြောနေကာသူ့ရဲ့စိတ်ထဲမှာရှိနေတဲ့ ခံစားချက်တိုင်းကိုပိရိစွာပဲဖုံးကွယ်ထားတယ်။ ဒါပေမယ့်လည်းသူလိမ်နေတဲ့လူဟာတခြားသူမဟုတ်ခဲ့။
သူ့ရဲ့ငယ်ရွယ်ကာစာနဲ့ဂိမ်းဆိုင်ကိုအပြေးသွားနေရမယ့်အချိန်တောက်လျှောက်ကို သူ့ဘေးနားမှာတောက်လျှောက်ရှိနေပေးခဲ့တဲ့လူ။
ဂျယ်မင်းကသူ့တိုးတိတ်စွာပဲသက်ပြင်းတစ်ချက်ချလိုက်မိကာသူ့ရဲ့ရေခွက်ထဲကို ရေထပ်ထည့်ဖို့ရာရေဘူးကိုယူရန်စားပွဲကိုလှည့်လိုက်တယ်။
ဂျယ်မင်းဟာသူ့ကိုစိုက်ကြည့်နေတဲ့လူရော စိတ်ထဲကနေဆဲဆိုနေတဲ့လူရော ဘယ်သူ့ကိုမှဂရုမစိုက်တော့ဘဲစားပွဲဝိုင်းကိုလှည့်ကာရေဘူးကိုဆွဲယူလိုက်ပါ၏။
ဒါပေမယ့်လည်းဂျယ်နိုရဲ့လက်တစ်စုံဟာရေဘူးကိုအရင်ကိုင်လိုက်တယ်။ ထို့နောက်ဂျယ်နိုကရေဘူးအဖုံးကိုဖွင့်လိုက်ပြီးဂျယ်မင်းရဲ့ဖန်ခွက်ထဲကိုရေထည့်ပေးလိုက်လေတော့တယ်။
"ငါမင်းအကူအညီမလိုဘူး..."
ဂျယ်မင်းရဲ့ငြင်းဆန်တဲ့စကားဟာဒီတစ်ခါမှာတော့တိုးတိုးပဲသူများတွေ လူအများကြီးမကြားနိုင်တဲ့နှုန်းနဲ့ပြောလိုက်တာဖြစ်ပေမယ့်လည်းအေးစက်နေတုန်းပဲ။
"အကူအညီမလိုလဲမင်းကကိုယ့်ရဲ့ဟန်နီဖြစ်နေတုန်းပဲလေ"
ဂျယ်နိုကသူ့ရဲ့မျက်နှာပေါ်မှာအပြုံးတစ်ခုကိုဆင်မြန်းထားရင်းပဲပြန်ပြောလာခဲ့တယ်။ ဂျယ်နိုရဲ့အသံအရအနည်းငယ်တုံ့ဆိုင်းနေပေမယ့်လည်းဂျယ်မင်းကိုလက်လျှော့မည့်ပုံမပေါ်။
"ကိုယ်ထည့်ပေးတာလို့စိတ်ထဲမမှတ်ထားပဲစားလိုက်~"
ဂျယ်နိုရဲ့အသံကသကြားလုံးမစားရလို့စိတ်ကောက်နေတဲ့ကလေးငယ်တစ်ယောက်ကို ချော့မြူနေသလိုပဲနူးညံ့ကာဂျယ်မင်းကိုဖျောင်းဖြနေလေတယ်။

ESTÁS LEYENDO
𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽
RomanceSeason 2 of Love Between CURSE အကြောင်းပြချက်မရှိပဲနဲ့သူချစ်ရတဲ့ကောင်လေးဟာ ရုတ်တရက်ပျောက်ခြင်းမလှပျောက်သွားခဲ့ရတယ် ထူးဆန်းစွာပျောက်ဆုံးမှုကငါးနှစ်ကြာပြီးတဲ့အခါမှာတော့ သူ့ရှေ့တည့်တည့်ကိုပြန်ရောက်လာပြီး အေးချမ်းနေတဲ့ဘဝကစတင်ပြောင်းလဲလာခဲ့တာပါပဲ "Jaemi...