"ဘာလဲ?"
ဂျယ်မင်းကဂျယ်နိုရဲ့နာမည်ကိုနူးညံ့စွာခေါ်လိုက်တော့ပြန်ရလာတဲ့စကားဟာ ဂျယ်နိုရဲ့မျက်မှောင်ကြုံ့ခြင်းနဲ့မာကြောအေးစက်တဲ့စကားသံ။
ခုဏကကောင်မလေးကိုကြည့်နေတဲ့အကြည့်တွေမှာတော့နူးညံ့တဲ့မျက်လုံးတွေနဲ့ ကြည့်နေခဲ့ပြီးတော့သူ့ရဲ့ချစ်သူဖြစ်တဲ့ဂျယ်မင်းကိုတော့ဒီလိုအကြည့်မျိုးနဲ့ကြည့်သတဲ့လား။
"ငါ့ကိုဘာမှမရှင်းပြတော့ဘူးလား?"
ဂျယ်မင်းကတုန်ရီနေတဲ့အသံနဲ့မေးခွန်းထုတ်လိုက်တဲ့အခါမှဘေးနားကကောင်မလေးကလည်း ဂျယ်မင်းကိုစူးစမ်းတဲ့ပုံနဲ့ပြန်ပြီးကြည့်လာတယ်။
အမြဲတမ်းသူနဲ့အတူတူရှိရင်မျက်နှာကိုဖုန်းနဲ့မခွါတဲ့ အပြုံးမပြောနဲ့ပေော်ရွှင်သည့်ပုံတစ်စက်တောင်မရှိနေတဲ့ဂျယ်နိုဟာ ဒီမိန်းကလေးနဲ့တော့ပျော်ရွှင်နေပုံပေါက်ပါသည်။
"လီဂျယ်နို မင်းငါ့ကိုဘယ်အချိန်ထိဒီလို...—"
"ကျစ်!"
ဂျယ်မင်းရဲ့နာကျည်းမှုအပြည့်ပါတဲ့စကားတွေကိုဂျယ်နိုက 'ကျစ်' ဟူသောသူ့ရဲ့စိတ်ရှုပ်မှုကိုဖော်ပြတဲ့အသံတစ်သံနဲ့ပဲပိတ်ပစ်လိုက်ပါသည်။
ဟုတ်တယ်။ ဂျယ်နိုဟာဒီလောက်တောင်ဂျယ်မင်းအပေါ်စိုးမိုးမှုရှိတယ်။ ဂျယ်မင်းအတွက်တော့ဂျယ်နိုဟာအရာရာဖြစ်ပြီးသူ့ရဲ့တစ်ခုတည်းသောအားကိုးရာ။
ဂျယ်နိုရဲ့မျက်နှာကစိတ်ရှုပ်နေပြီးတော့ဘာမှမသိတဲ့လမ်းဘေးကလူတစ်ယောက်ကို ခေါ်မေးရင်တောင်မှဒါကစိတ်ကုန်နေတဲ့မျက်နှာထားဆိုတာသိနိုင်သည်။
"မင်းပိုက်ဆံလိုတိုင်းလဲငါပေးနေတာပဲ။ လိုချင်တာတိုင်းလဲဝယ်ပေးနေတာပဲ။ မင်းကိုငါအိမ်လဲပေးထားတယ်။ မင်းကားလိုချင်ရင်လဲငါ့မှာပိုက်ဆံရှိပြီးသား"
"ငါမင်းကိုအကုန်ပေးထားပြီးပြီပဲ မင်းဘာကိုထပ်လိုချင်သေးတာလဲ!"
သူထင်တာဂျယ်နိုဟာခဏတာသူ့အပေါ်ပျင်းသွားတာသာဖြစ်မည်။ နောက်ဆုံးတော့သူ့ဆီကိုပြန်ရောက်လာမှာပဲ။ အပြင်ကလူနဲ့ရှုပ်လဲခဏတာပဲလို့။

YOU ARE READING
𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽
RomanceSeason 2 of Love Between CURSE အကြောင်းပြချက်မရှိပဲနဲ့သူချစ်ရတဲ့ကောင်လေးဟာ ရုတ်တရက်ပျောက်ခြင်းမလှပျောက်သွားခဲ့ရတယ် ထူးဆန်းစွာပျောက်ဆုံးမှုကငါးနှစ်ကြာပြီးတဲ့အခါမှာတော့ သူ့ရှေ့တည့်တည့်ကိုပြန်ရောက်လာပြီး အေးချမ်းနေတဲ့ဘဝကစတင်ပြောင်းလဲလာခဲ့တာပါပဲ "Jaemi...