"ဟယ်လို ဂျီဆောင်းရဲ့အုပ်ထိန်းသူပါလားဗျ"
"ဟုတ်ပါတယ်ဗျ"
"ကျနော်တို့ကရဲစခန်းကပါဗျ။ လူကြီးမင်းရဲ့ညီကတခြားကျောင်းသားတွေကိုရိုက်နှက်ထားလို့ပါ"
"ဗျာ? ဂျီဆောင်းကတခြားကျောင်းသားတွေကိုလား?"
ဂျယ်မင်းကအနည်းငယ်အံ့ဩသွားရလေပြီ။ ဂျယ်နိုကသူ့ကိုဒီနေ့သတိပေးခဲ့သည်။ ညနေကြရင်ဂျီဆောင်းကရန်ပွဲတစ်ခုမှာပါမည့်အကြောင်း။
ဂျီဆောင်းကထိုရန်ပွဲရဲ့အဓိကဇာတ်ဆောင်ဖြစ်တဲ့အကြောင်းနဲ့ ကျောင်းရဲ့အနီးနားတစ်ဝိုက်မှာပဲဖြစ်မယ့်အကြောင်းကိုပြောခဲ့ပါ၏။
ဒါပေမယ့်လည်းဂျယ်မင်းကဂျယ်နိုကိုမယုံကြည်ခဲ့။ ဂျယ်နိုကအလွယ်တကူသိနိုင်တယ်ဆိုပေမယ့်လည်း ဂျယ်နိုရဲ့စကားထက်ဂျီဆောင်းကိုပိုယုံကြည်ခဲ့သည်။
ဒါပေမယ့်လည်းသူကဂျယ်နိုရဲ့သတိပေးစကားကိုယုံကြည်လိုက်သင့်သည်။ ဂျီဆောင်းကသူ့ရှေ့မှာရန်ဖြစ်နေတာကိုမြင်ခဲ့တာတောင်မှသူကဂျီဆောင်းကိုယုံခဲ့သည်။
ဂျီဆောင်းကလိုအပ်လို့သာရန်ဖြစ်တာဖြစ်မည်။ သူ့ရဲ့အရှေ့မှာ chenleကိုအနိုင်ကျင့်နေတာမို့ဒီလိုဝင်ပြီးရန်ဖြစ်ခဲ့တာဟုသာသက်မှတ်ပြီးဘာမေးခွန်းမှထုတ်ခြင်းမပြုတော့။
ဒါပေမယ့်လည်းဒီတစ်ခေါက်ဂျီဆောင်းဟာ ရဲစခန်းကိုရောက်တဲ့အထိဆိုရင်တော့သူဟာတမင်တကာ သက်သက်ရန်ဖြစ်ခြင်းမှန်းသိသာသွားလေပြီ။
"ဘယ်ရဲစခန်းကလဲဗျ အခုချက်ချင်းလာခဲ့ပါမယ်"
"ဂယောင်းဒိုမြို့အမှတ် (၃)ရဲစခန်းကပါ"
"ဟုတ်ကဲ့ကျေးဇူးပါ။ ခဏနေရောက်ပါမယ်"
ဂျယ်မင်းကချက်ချင်းပဲသူ့တိုက်ခန်းကနေပြေးဆင်းလိုက်ကာ တက်ဆီငှါးလိုက်ပြီးရဲစခန်းဆီသို့သာ ဦးတည်သွားလိုက်ပါတော့သည်။
"မြန်မြန်လေးမောင်းပေးပါ"
ဂျယ်မင်းကအလျင်လိုနေပြီးတော့ အခုချိန်မှာသူဂျီဆောင်းကိုဘယ်လောက်စိတ်ပူနေလဲဆိုတာ ဂျယ်မင်းရဲ့မျက်လုံးထောင့်ကမျက်ရည်စများကဖော်ပြနေသည်။

YOU ARE READING
𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽
RomanceSeason 2 of Love Between CURSE အကြောင်းပြချက်မရှိပဲနဲ့သူချစ်ရတဲ့ကောင်လေးဟာ ရုတ်တရက်ပျောက်ခြင်းမလှပျောက်သွားခဲ့ရတယ် ထူးဆန်းစွာပျောက်ဆုံးမှုကငါးနှစ်ကြာပြီးတဲ့အခါမှာတော့ သူ့ရှေ့တည့်တည့်ကိုပြန်ရောက်လာပြီး အေးချမ်းနေတဲ့ဘဝကစတင်ပြောင်းလဲလာခဲ့တာပါပဲ "Jaemi...