EP - (47)

472 46 36
                                    

"ဂျယ်နို~"

ဂျယ်မင်းကသူ့ရှေ့မှာရှိနေတဲ့ထိုင်ခုံပေါ်မှာထိုင်ကာ ကွန်ပြူတာတစ်လုံးဖြင့်အလုပ်လုပ်နေတဲ့ ဂျယ်နိုရဲ့နာမည်ကိုနှုတ်ခမ်းစူကာခေါ်လိုက်လေတယ်။

ဂျယ်မင်းကအိပ်ယာပေါ်မှာလှဲနေကာ နာရီကိုကြည့်လိုက်တော့ညဆယ်နာရီပင်ကျော်နေပြီ။ ဂျယ်နိုကအခုရက်ပိုင်းတော်တော်ကိုအလုပ်ရှုပ်နေတာပင်။

ပထမတန်းရှေ့နေ့ဖြစ်၍အမှုအများကြီးကိုလက်မခံကာ လိုက်နေတဲ့အမှုတွေကသိပ်မရှိပေမယ့်လည်း သူလိုက်ပေးနေတဲ့အမှုတစ်ခုကအလွန်ကိုအရေးကြီးသည်တဲ့။

သူပြောတာတော့ကုမ္ပဏီနှစ်ခုကြားပြသာနာဖြစ်ပြီးတော့ ရှုံးတဲ့တရားလို (သို့မဟုတ်) တရားခံဟာသူတို့ရဲ့ကုမ္ပဏီက ဒေဝါလီခံရသည်အထိပြသာနာကကြီးမားပါသည်တဲ့။

ဒါကြောင့်ဂျယ်နိုကအလုပ်ကိုမနက်မိုးလင်းထဲကသွားသည့်အပြင် ည၈နာရီလောက်မှပြန်လာသည်။ ည၈နာရီလောက်မှပြန်လာတာလည်း မပြီးနိုင်သေး။

သူ့ရဲ့ကွန်ပြူတာကိုစတင်ကိုင်ပြီးတော့ မျက်မှန်တစ်လက်တပ်ကာအလုပ်စလုပ်လေပြီ။ ဂျယ်မင်းကအလုပ်ကြောင့်မအားဘူးဆိုတာကို တွေးကာနားလည်နိုင်ပေမယ့်လည်းသူ့စိတ်အတွင်းပိုင်းကတော့နားမလည်ပေးနိုင်။

အခုလဲကြည့်ပါလားသူ့အသံအားမကြားတာလဲမဟုတ်ဘဲ ပြန်မထူး၊ ပြန်မဖြေ။ ဂျယ်မင်းအပေါ်သူဒီလိုလုပ်နေတာ တော်တော်ကိုကြာနေပြီဖြစ်သည်။ ဂျယ်မင်းမှာကိုယ်ပျောက်လူသားအလား။

"မောင်ငယ်"

ဂျယ်မင်းကနောက်ဆုံးတစ်ခေါက်အနေနဲ့ခေါ်လိုက်တယ်။ ဒီတစ်ခါမှပြန်မထူးလာရင်တော့ ထပ်မခါ်ဖို့ဆုံးဖြတ်ထားသည်။ ပြန်ဖြေမှာကိုသူစောင့်လိုက်တယ်။

ဒါပေမယ့်လည်းဂျယ်နိုကပြန်မဖြေလာ။ ဂျယ်မင်းကတော့ဆက်ပြီးသည်းမခံနိုင်တော့ပေ။ သူ့ရဲ့သည်းခံနိုင်စွမ်းတွေကကုန်ဆုံးသွားပြီးတော့ အိပ်ရာပေါ်ကနေဆတ်ခနဲထလိုက်တယ်။

ထို့နောက်အဝတ်ဗီဒိုကိုဖွင့်လိုက်ကာ တစ်ကိုယ်လုံးကိုချွတ်ချလိုက်ပြီး ဘောင်းဘီအသစ်ကိုယူကာဝတ်လိုက်ရင်း၊ သူ့င်္အကျီများထဲမှအပါးဆုံးအဝတ်ကိုယူကာဝတ်လိုက်ပါ၏။

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽Donde viven las historias. Descúbrelo ahora