EP - (32)

405 43 1
                                    

ဂျယ်မင်းကသူ့လွယ်အိတ်ကိုလွယ်ရင်းနဲ့ပဲအိမ်ထဲကိုဝင်သွားလိုက်တယ်။ အိမ်ထဲမှာသူ့အမေကရှိသေးတယ်ဆိုတဲ့မသိကသူ့ကိုအနည်းငယ်စိတ်သက်တောင့်သက်သာဖြစ်စေတယ်။

ဒါပေမယ့်လည်းအိမ်ရဲ့တံခါးပေါက်ဝကနေဝင်လိုက်ကတည်းကနေပြီးတော့ ခံစားနေရတဲ့မကောင်းတဲ့အငွေ့အသက်တွေကသူ့ရဲ့ခေါင်းကိုငုံ့သွားစေတယ်။

အိမ်ထဲရောက်ရောက်ချင်းမှာပဲဧည့်ခန်းထဲမှာထိုင်နေတဲ့ ဂျယ်မင်းရဲ့အဖေနဲ့အမေကိုတွေ့လိုက်ရတယ်။ သူတို့ညီအကိုမုန်းတဲ့အန်တီကြီးကတော့မရှိတော့။

ဂျယ်မင်းကအခြေအနေကိုလျစ်လျှူရှုပြီးတော့ထွက်သွားဖို့လိုက်ပြီးတော့ အိမ်ရဲ့အပေါ်ထပ်ကိုတက်လိုက်လေတယ်။ ထိုအခါပွင့်နေသောတံခါးနဲ့အတူတူအထဲထဲမှာလွတ်နေသောအခန်း။

ဂျယ်မင်းကသူ့ရဲ့လွယ်အိတ်ကိုမချဘဲနဲ့လွတ်နေတဲ့အခန်းထဲကိုဝင်ကြည့်လိုက်လေတော့ သူတို့အဖေရဲ့မယားငယ်လေးရဲ့ပစ္စည်းတွေကတစ်ခုပင်မကျန်တော့။

ဂျယ်မင်းကအနည်းငယ်ပျော်ရွှင်သွားပြီးတော့ လှေကားကိုတန်းသွားလိုက်ကာအောက်ကိုဆင်းသွားလေပြီးငိုင်ကာထိုင်နေလေတဲ့သူ့အဖေကိုရွဲ့စောင်းမေးလိုက်လေတယ်။

"အဖေရဲ့မယားငယ်လေးအိမ်ပေါ်ကဆင်းသွားပြီလား"

ဂျယ်မင်းရဲ့အသံကလှောင်ရယ်သံအချို့ပါဝင်နေလေတယ်။ အဲ့မယားငယ်ဟာအရှက်မရှိသူ့အမေရှိတာတောင်မှအိမ်ပေါ်မှာတက်နေခဲ့ပါသည်။

ဂျယ်မင်းရဲ့အဖေကလည်းအဲ့မယားငယ်ကိုအိမ်ပေါ်ခေါ်တင်ကာတူတူနေခဲ့သည်တဲ့။ ဂျယ်မင်းနဲ့ဂျီဆောင်းကတော့ဒီအရာနဲ့ပက်သက်ပြီးကလေးပီပီဘာမှဝင်ပြောမနေတော့။

ဝင်ပြီးပြောချင်စိတ်လဲမရှိ။ ဒါကသူတို့ရဲ့ကိစ္စမဟုတ်ဟုသက်မှတ်ထားသည်။ ဒါပေမယ့်လည်းထိုမယားငယ်ကအိမ်ကအခုလိုဆင်းသွားသည်ဆိုရင်တော့ဂျယ်မင်းကဝမ်းဝမ်းသာသာနဲ့ကိုမေးခွန်းထုတ်ရမည်လေ။

"သွားပြီ ဂျယ်မင်း...။ မင်းအဖေရဲ့ချစ်မယားလေးကြောင့်နဲ့အမေတို့မိသားစုပျက်ဆီးသွားပြီ သား"

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽Where stories live. Discover now