EP - (6)

541 60 10
                                    

"လက်ကိုဖယ်လိုက်"

ဆူးလ်ဂီရဲ့အသံကနေရာမှာရှိနေတဲ့လူတိုင်းရဲ့လှုပ်ရှားမှုကိုထိန်းချုပ်လိုက်တယ်။ ကျောင်းရဲ့အနောက်ဘက်စတိုခန်းနားကချောင်လေးတစ်ချောင်မှာလုပ်ချင်သလိုလုပ်နေတဲ့ကောင်တွေကိုထိန်းချုပ်ဖို့နည်းလမ်းကလွယ်တော့လွယ်ပါတယ်။

အထူးသဖြင့်ဆူးလ်ဂီလိုနာမည်ကြီးတဲ့စီနီယာတစ်ယောက်အတွက်ကပိုလွယ်နေတယ်။ ဆူးလ်ဂီရဲ့တည်ရှိမှုကိုကသူတို့လိုဂျုနီယာသေးသေးလေးတွေရဲ့လှုပ်ရှားမှုကိုရပ်တန့်စေတယ်။

"ငါ့မျက်စိရှေ့ကထွက်သွား။ တစ်..ယောက်..မ..ကျန်"

အစကအနည်းငယ်တန့်နေသောမိန်းကလေးအုပ်စုဟာငါးစက္ကန့်အကြာမှာပဲ ဆူးလ်ဂီရှေ့မပြောနဲ့၊ ဆူးလ်ဂီရဲ့အနောက်မှာတောင်မရှိတော့ချေ။

ဆူးလ်ဂီကသူ့ရှေ့မှာပုံလျက်လေးထိုင်ကျနေတဲ့သူ့ရှေ့ကကောင်မလေးကို ကြည့်ရင်းပဲသက်ပြင်းတစ်ချက်ချလိုက်မိကာသူ့ရှေ့လမ်းလျှောက်သွားလိုက်ပါ၏။

ထို့နောက်သူ့ရဲ့လက်တစ်ဖက်ကိုကမ်းပေးလိုက်ကာမတ်တပ်ရပ်ဖို့ကူညီပေးလိုက်ပေမယ့်လည်း တစ်ဖက်လူကထိုင်ရာကနေသူ့ကိုယ်သူထလိုက်တဲ့အခါမှာဆူးလ်ဂီကကိုယ့်လက်ကိုယ်ရှက်ရှက်နဲ့ပြန်သိမ်းလိုက်ရပြန်တယ်။

"ရပ်လိုက်"

ဆူးလ်ဂီကနေရာကနေထွက်သွားတဲ့ဂျူဟွန်းကိုတားလိုက်တော့ ဂျူဟွန်းကနေရာမှာရပ်လိုက်ပြီးတော့ဆူးလ်ဂီကိုပြန်ကြည့်လာတယ်။

"ဘယ်အချိန်ထိဒီလိုနေနေမှာလဲ?"

ဆူးလ်ဂီရဲ့စကားမှာဂျူဟွန်းကဆူးလ်ဂီကိုလှည့်ကြည့်လာတယ်။ ဆူးလ်ဂီကလည်းဂျူဟွန်းကိုပြန်ကြည့်လာတဲ့အခါမှာသူတို့နှစ်ယောက်ကမျက်လုံးချင်းဆုံလိုက်မိကြတယ်။

ဆူးလ်ဂီကဂျူဟွန်းအနားကိုကပ်သွားလိုက်ပြီးတော့ဂျူဟွန်းရဲ့ပါးပေါ်က မှည့်အတုတစ်ခုကိုလက်နဲ့ပွတ်လိုက်ရင်းဖျက်ပစ်လိုက်ပါ၏။

"ရေစိုခံမိတ်ကပ်သုံးပါလား။ အခုလိုလက်နဲ့ဖျက်တာနဲ့မပျက်နိုင်အောင်"

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽Where stories live. Discover now