EP - (20)

431 49 5
                                    

"မင်းငါ့ကိုအရှက်ခွဲနေတာလား!"

ဂျယ်နိုရဲ့ရုတ်တရက်ကြမ်းတမ်းတဲ့စကားတွေကြောင့်ဂျယ်မင်းအပါအဝင် ဂျယ်နိုရဲ့သူငယ်ချင်းအချို့ရောကြည့်နေသောလူတစ်ချို့ကပါကြောင်သွားလေတော့သည်။

ဂျယ်နိုကဂျယ်မင်းရဲ့မျက်နှာကိုကြည့်လိုက်ရင်းတစ်ကိုယ်လုံးကိုသူ့ရဲ့ မျက်လုံးဖြင့်အပေါ်အောက်ကိုကြည့်လိုက်ကာဂျယ်မင်းရဲ့လက်ထဲမှာမွေးနေ့ကိတ်ကိုသတိထားမိသွားပုံ။

"လူတွေအကုန်ဝိုင်းကြည့်ကုန်ပြီ။ မင်းမှာအသိစိတ်နည်းနည်းတောင်မရှိဘူးလား"

ဂျယ်နိုကဂျယ်မင်းရဲ့လက်ထဲကမွေးနေ့ကိတ်ကိုသူ့ရဲ့လက်ဖြင့်ရိုက်ချပစ်လိုက်ပြီးတော့ လှပတဲ့ချောကလတ်ကိတ်လေးကိုနှင်းတွေရှိနေတဲ့မြေကြီးပေါ်ကျလိုက်စေတယ်။

သူမနေ့ညကတစ်ညလုံးနီးပါးမအိပ်ဘဲနဲ့ youtubeကနေဗီဒီယိုပေါင်းမြောက်များစွာကြည့်ပြီး သူကိုယ်တိုင်အပင်ပန်းခံလုပ်ထားတဲ့ကိတ်ငယ်...။

မနေ့ညကသူဒီကိတ်တစ်လုံးရဖို့ဘယ်လောက်တောင်ကြိုးစားခဲ့လိုက်ရသလဲ။ အမှိုက်ပုံးထဲပစ်ထည့်လိုက်ရတဲ့ကျရှုံးသွားသောကိတ်မုန့်မှာလည်းအများ။

လေးလုံးလောက်မြောက်မှအောင်မြင်သွားတဲ့ချောကလတ်ကိတ်။ ဒါတောင်မှသူအပေါ်ကနေခွေးပေါက်ပုံလေးဆွဲဖို့ကိုအများကြီးကြိုးစားခဲ့ရတာ။ အခုတော့သူကြိုးစားခဲ့တာကမြေကြီးပေါ်မှာ။

"ကြောင်တောင်တောင်နဲ့ စိတ်ပျက်ဖို့ကောင်းလိုက်တာ"

ဂျယ်နိုကအောက်ပြုတ်ကျသွားတဲ့ကိတ်မုန့်ကိုငေးကြည့်နေတဲ့ဂျယ်မင်းကို ကြည့်ကာပြောလိုက်ပြီးတဲ့အခါမှာတော့နေရာကနေထွက်သွားလိုက်ပါတော့သည်။

ဂျယ်မင်းရဲ့မျက်နှာကနီရဲလာကာသူဘယ်လောက်အရှက်ရနေလဲဆိုတာသိသာနေတယ်။ ဂျယ်နိုပြောလိုက်တဲ့စကားတိုင်းကသူ့ရဲ့ဘယ်ဘက်ရင်ဘက်ခြမ်းကိုတစ်ဆစ်ဆစ်နာစေတယ်။

သူ့ရဲ့စကားပြီးတာနဲ့တန်းထွက်သွားတဲ့ဂျယ်နိုကတော့ဂျယ်မင်းရဲ့ မျက်နှာပျက်သွားတာကို သိမှာမဟုတ်သလိုသိလည်းဂရုတစ်ချက်ပင်စိုက်မှာမဟုတ်။

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽Where stories live. Discover now