"အကို"
"အင်း~"
အရပ်ရှည်ရှည်နှင့်ဂျီဆောင်းကသူ့ရှေ့ကိုရောက်လာတော့ဂျယ်မင်းရဲ့ မျက်နှာမှာအပြုံးတွေကတန်းပြီးပေါ်ထွက်လာကာမျက်လုံးတွေဟာချစ်ခြင်းမေတ္တာတွေနဲ့ပြည့်နှက်နေလေတော့တယ်။
ဂျယ်မင်းကဂျီဆောင်းကိုကြည့်နေရင်းနဲ့ပဲဂျီဆောင်းရဲ့ပါးကိုလှမ်းဆွဲလိုက်ပါသည်။ ထိုအခါအပြစ်ကင်းစွာပြုံးပြလာသောဂျီဆောင်းကြောင့်ဂျယ်မင်းကအချစ်ပိုရပြန်သည်။
"ဂျီဆောင်း~"
"ဟုတ်?"
"ဒါနဲ့ဟိုကောင်လေး...မင်းနဲ့ရင်းနှီးတာလား"
ဂျယ်မင်းကမေးခွန်းနဲ့အတူတူ chenleရှိရာဘက်ကိုမေးငေါ့ပြလိုက်တော့ ဂျီဆောင်းကခေါင်းကိုအတန်တန်ခါလိုက်ရင်းခါးခါးသဂိသီးပဲပြန်ငြင်းလာတယ်။
"မရင်းနှီးပါဘူး။ စကားတောင်မပြောဖူးဘူး"
ဂျယ်မင်းကထိုကောင်လေးရှိရာကိုကြည့်လိုက်တော့သူငယ်ချင်းလည်းရှိမည့်ပုံမပေါ်။ သူ့ခြေလှမ်းသွားရာကိုသာမျက်လုံးဖြင့်စိုက်ကြည့်ရင်းလူတိုင်းကိုလျစ်လျှူရှုထားလေသည်။
"သူ့ကိုနည်းနည်းဂရုစိုက်ပေးလိုက်ပါ။ သူ့ကြည့်ရတာအထီးကျန်နေတဲ့ပုံပဲ"
"ဘာလို့ဂရုစိုက်ပေးရမှာလဲ။ သူ့အမေကအကို့ကိုဘယ်လောက်တောင်ဒုက္ခပေးလိုက်လဲ"
ဂျီဆောင်းကသူ့ရဲ့နှုတ်ခမ်းကိုအနည်းဆူကာမကျေမနပ်ဖြင့်ပြောလိုက်တော့ ဂျယ်မင်းကဂျီဆောင်းရဲ့လက်မောင်းကိုကိုင်လိုက်ရင်းပဲလမ်းစလျှောက်လိုက်တယ်။
"အဲ့ဒါသူ့အမေလုပ်တာလေ။ သူလုပ်တာမှမဟုတ်တာ ဂျီဆောင်းရဲ့"
"အကိုကတအားကြင်နာတတ်လွန်းတယ်"
ဂျီဆောင်းရဲ့တိုးညှင်းတဲ့စကားသံလေးမှာဂျယ်မင်းကတစ်ချက်ရယ်လိုက်ရင်းပဲ အသဲယားစွာဂျီဆောင်းရဲ့ပါးကိုဆွဲညှစ်လိုက်လေတော့တယ်။
"အကို့ကလေးလေးကအခုထိကလေးလေးပဲ~"
ဂျယ်မင်းကပြောလိုက်ပြီးတော့ဂျီဆောင်းကိုအသဲယားစွာပဲကြည့်နေမိတယ်။ ဒီလိုကြည့်ရင်သူဟာဂျီဆောင်းကိုကောင်းကောင်းပျိုးထောင်ခဲ့တယ်ထင်။

أنت تقرأ
𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽
عاطفيةSeason 2 of Love Between CURSE အကြောင်းပြချက်မရှိပဲနဲ့သူချစ်ရတဲ့ကောင်လေးဟာ ရုတ်တရက်ပျောက်ခြင်းမလှပျောက်သွားခဲ့ရတယ် ထူးဆန်းစွာပျောက်ဆုံးမှုကငါးနှစ်ကြာပြီးတဲ့အခါမှာတော့ သူ့ရှေ့တည့်တည့်ကိုပြန်ရောက်လာပြီး အေးချမ်းနေတဲ့ဘဝကစတင်ပြောင်းလဲလာခဲ့တာပါပဲ "Jaemi...