EP - (26)

466 55 14
                                    

"သူနဲ့ကိုယ်ဘာမှမ..."

"ဟန်နီပဲရှိတာ..."

ဂျယ်နိုပြောလိုက်တဲ့စကားတွေကိုဝေဝါးစွာကြားနေရတဲ့ဂျယ်မင်းကတော့ ဂျယ်နိုရဲ့ရှင်းပြချက်တွေ၊ ဖြေရှင်းချက်တွေကိုနားတစ်ချက်ကလေးပင်မဝင်ခဲ့ဘူး။

ဂျယ်နိုရဲ့စကားတွေကသူ့ရဲ့ဘယ်ဘက်နားကဝင်သွားပြီးတော့ ညာဘက်နားကပဲလျင်မြန်စွာပြန်ထွက်သွားလေတယ်။ ဂျယ်မင်းကအသိစိတ်ဝင်စေဖို့ရာသူ့စိတ်ကိုထိန်းလိုက်ပါသည်။

"ဂျယ်မင်း... မဟုတ်ဘူး။ ဟန်နီ...ကိုယ့်မှာဟန်နီပဲရှိတာ။ ကိုယ့်ကိုယုံပေးပါ နော်။ ကိုယ်တကယ်သူနဲ့ဘာမှမဖြစ်ခဲ့ဘူး"

ဂျယ်မင်းကလွတ်လပ်စွာပဲသူ့ရဲ့မျက်ရည်တွေကိုကျဆင်းခွင့်ပေးလိုက်ပြီး ဂျယ်နိုကိုကြည့်လိုက်တော့ဂျယ်နို့ရဲ့မျက်လုံးတွေဟာအဓိပ္ပာယ်ဖော်မရခဲ့။

လီဂျယ်နို မင်းဟာတကယ်ကိုအံ့ဩဖို့ကောင်းပါလား။ နောက်ဆုံးအနေနဲ့မင်းကိုယုံခဲ့ပေမယ့်မင်းကနောက်ဆုံးတစ်ခေါက်မှာသေသေချာချာကိုငါ့ကိုပြသသွားခဲ့တယ်။

မင်းဟာဘယ်လောက်တောင်ယုံကြည်စရာမကောင်းပြီးတော့ ဘယ်အချိန်ကစပြီးငါ့ကိုဒီလိုလိမ်နေခဲ့တာလဲဆိုတဲ့စိတ်မလုံခြုံမှုတွေကိုဖြစ်ပေါ်လာစေတယ်။

"မင်းအမြင်မှာဒါကငါယုံကြည်သင့်တဲ့စကားလို့ထင်နေလား ဂျယ်နို?"

ဂျယ်မင်းရဲ့အသံကတုန်ယင်နေကာသူအခုဘယ်လောက်တောင်မွန်းကြပ်ပြီးတော့ ပေါက်ကွဲကာထအော်လိုက်ပြီးသောင်းကြန်းချင်နေလဲဆိုတာကိုဖော်ပြနေသည်။

ဒါပေမယ့်လည်းသူကဘယ်တော့မှသောင်းကျန်းမှာမဟုတ်။ သူ့ရှေ့ကသူပြသာနာရှာမယ့်လူဟာသူချစ်ရတဲ့လူတစ်ယောက်ဖြစ်နေသေးသည်။

"ကိုယ်တို့ကြားမှာထားခဲ့တဲ့ယုံကြည်မှုလေးတွေကိုထောက်ပြီးပြန်စဉ်းစားကြည့်။ ကိုယ်ကဘာလို့ဟန်နီ့ကိုဖောက်ပြန်ရမှာလဲ"

ဂျယ်နိုရဲ့အသံကသနားဖို့ကောင်းစွာထွက်လာပြီးတော့ သူကဂျယ်မင်းရဲ့လက်တွေကိုတစ်ချက်တောင်မလွှတ်ပေးနိုင်တဲ့အဖိုးတန်ရတနာတစ်ခုလိုမျိုးကိုဆုပ်ကိုင်ထားသည်။

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽Where stories live. Discover now