EP - (15)

459 54 5
                                    

"ဂျီဆောင်း ဘာလုပ်နေတာလဲ?"

"ဖျက်ဆီးနေတာလေ..."

ဂျောင်မင်ဟိုမေးခွန်းကိုဂျီဆောင်းကရယ်မောစွာနဲ့ပဲဝူဂျွန်ဟျော့ရဲ့လွယ်အိတ်ထဲကိုတဖြည်းဖြည်းချင်းအအေးခွက်ထဲကအအေးတွေကိုတစ်စက်ချင်းဆီလောင်းချနေပါသည်။

ဂျီဆောင်းရဲ့မျက်နှာမှာသေးငယ်သောအပြုံးတစ်ခုဖြစ်ပေါ်နေပြီးတော့ ဒီအပြုံးကအေးစက်လွန်းတဲ့အခါမှာ မင်ဟိုကလဲအတူတူလိုက်ပြုံးမိတယ်။

'ဗုန်းး!'

စာသင်ခန်းရဲ့အပေါက်ဝနားကစားပွဲထုံတွေနဲ့ထိုင်ခုံတွေဟာ 'ဗုန်း' ဟူသောအသံနှင့်အတူတူအကုန်လုံးကအောက်ကိုပြိုလဲကျသွားတဲ့အခါဂျီဆောင်းတို့နှစ်ယောက်လုံးကအပေါက်ဝကိုကြည့်လိုက်ပါ၏။

"ရောက်လာပြီပဲ...~"

မင်ဟိုကလေသံလေးနဲ့ဂျီဆောင်းရဲ့အနားနားကိုကပ်သွားပြီးတော့ပြောလိုက်တဲ့အခါမှာ မင်ဟိုကဂျီဆောင်းကိုချန်ခဲ့ပြီးတော့သူ့နေရာမှာသူပြန်သွားထိုင်လိုက်တော့တယ်။

ဂျီဆောင်းကဝင်လာတဲ့ဝူဂျွန်ဟျော့ကိုတွေ့တဲ့အခါမှာသူကအအေးခွက်ထဲကအအေးတွေကို လွယ်အိတ်ထဲတစ်ခါထဲအကုန်လောင်းချပြီးတော့အခွံကိုပါလွယ်အိတ်ထဲပစ်ချလိုက်တော့တယ်။

"ချီးလုပ်နေတာလား!"

ဝူဂျွန်ဟျော့ရဲ့စကားမှာဂျီဆောင်းကဘယ်လိုမျက်နှာအမူအရာကိုမှမပြဘဲနဲ့ သူကအနောက်ကိုဝင်ကာသူ့ခုံမှာသူပြန်သွားထိုင်လိုက်တော့တယ်။

"ပတ်ဂျီဆောင်း!"

ဝူဂျွန်ဟျော့ရဲ့အော်သံကအခန်းတစ်ခန်းလုံးအပြင်အခန်းရဲ့အပြင်ဘက်အိပါ ကြားရလောက်သည့်အထိကိုကျယ်လောင်ပြီးတော့ဂျီဆောင်းကတော့ရယိသံခပ်လွင်လွင်ဖြင့်ပဲပြောလိုက်တယ်။

"လက်ချော်သွားတာလေ အဲ့လောက်ထိစိတ်ဆိုးစရာလား~"

ဂျီဆောင်းရဲ့လှောင်သံအပြည့်နဲ့စကားမှာဂျွန်ဟျော့ကဂျီဆောင်းဆီကို တည့်တည့်မတ်မတ်ရောက်လာပါပြီးတော့ဂျီဆောင်းရဲ့ကော်လံကိုဆွဲကိုင်ပြီးထလိုက်စေတယ်။

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽Where stories live. Discover now