EP - (41)

468 43 9
                                    

"ဟယ်လို"

'ဟယ်လို ဟန်နီ။ ပြီးခါနီးပြီလား'

"အင်း အခုမှရေချိုးလို့ပြီးတာ။ ထွက်လာခဲ့မယ်နော်"

'အိုကေ ကိုယ်အောက်မှာစောင့်နေမယ်နော်'

"ခဏလောက်တော့စောင့်ပေးနိုင်တယ်မလား"

'ဒါပေါ့။ အေးဆေးလုပ် ကိုယ်စောင့်နေမယ်နော်'

"မင်းစောင့်နိုင်ပေမယ့်လည်း ဆောင်းဟိုကဆိုင်မှာစောင့်နေရမှာလေ"

'ရတယ် အဲ့ကောင်ကိုအရိုးဆွေးတဲ့အထိသေအောင်ထိုင်စောင့်ခဲ့လဲရတယ်'

"ဟင်း"

ဂျယ်မင်းကဂျယ်နိုရဲ့စကားကြောင့် တစ်ချက်ရယ်လိုက်မိပါတော့သည်။ ဂျယ်နိုကအမြဲတမ်းသူ့ကိုတစ်နည်းမဟုတ် တစ်နည်းဖြင့်ရယ်အောင်လုပ်နိုင်သည်လေ။

"ဒါဆိုငါခဏနေဆင်းလာခဲ့မယ်"

'ဟုတ်ကဲ့ပါဗျာ'

"အင်း"

ဂျယ်မင်းကဖုန်းချလိုက်ကာ သူကရိုးရှင်းတဲ့ရှပ်အင်္ကျီအဖြူရောင်တစ်ထည်နှင့် ဘောင်းဘီရှည်အနက်ရောင်တို့ကိုဝတ်ဆင်လိုက်ပါ၏။

အချိန်တွေကကြာလာတာနဲ့အမှတဖြည်းဖြည်းချင်း ဂျယ်မင်းနဲ့ဂျယ်နိုကြားက ဆက်ဆံရေးအခြေအနေကလည်းစတင်ပြောင်းလဲလာလေတယ်။

ဂျယ်နိုကသူ့အလုပ်နဲ့သူရှိနေပေမယ့်လည်း မနက်မိုးလင်းတိုင်းမှာ 'ဂွတ်မောနင်း' လို့စာပို့တတ်ပြီးတော့နောက်ထပ်တစ်ခါ ညဘက်ဂျယ်မင်းရဲ့အိပ်ချိန်နီးလာတာနဲ့လဲနောက်တစ်ခါဖုန်းဆက်ပြန်တယ်။

သူ့ကိုကောင်းကောင်းအိပ်ဖို့ပြောသည်ကိုအကြောင်းပြပြီး ဂျယ်နို့ရဲ့တစ်နေ့တာဘာလုပ်သည် ဘာစားခဲ့သည်ကအစ ဘယ်လိုအမှုကိုကိုင်ခဲ့ရသည်အဆုံး။

ပေါက်ပေါက်ရှာကာအကုန်လုံးကို ဂျယ်မင်းနားမညီးမခြင်းကိုပြောပြသည်။ ထို့နောက်သူ့ကိုသီချင်းတွေဆိုပြသည်။ သူသင်ထားတဲ့ဟင်းချက်နည်းတွေအကြောင်းပြောပြသည်။

သူကဟင်းချက်သင်ထားတာမို့ ဂျယ်မင်းအစားသူကမီးဖိုချောင်ဝင်ကာ ဂျယ်မင်းအတွက်ချက်ပြုတ်မည့်အကြောင်းကိုလည်း ထပ်ခါတလဲလဲမရိုးနိုင်အောင်ကိုပြောပြပါသည်။

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽Where stories live. Discover now