"အဲ့ညစ်ပတ်တဲ့လက်ကို အခုချက်ချင်းဖယ်လိုက်စမ်း!"
ဂျယ်မင်းရဲ့အင်္ကျီစကိုဆွဲကာလည်ပင်းအားတင်းကြပ်စေပြီး အသက်ရှူကြပ်စေသောလူရဲ့လက်တွေအား တစ်စုံတစ်ယောက်ရဲ့အာဏာသံကထိန်းချုပ်လိုက်ပါ၏။
ဂျယ်နိုကအနက်ရောင်ဝတ်စုံပြည့်ဝတ်ထားပြီးတော့ သူ့ရဲ့မျက်နှာကတောင့်တင်းကာအေးစက်နေတယ်။ သူ့ရဲ့ဩဇာအပြည့်ပါတဲ့အာဏာသံကရဲစခန်းကလူတိုင်းကိုအနည်းငယ်အကြာရပ်တန့်သွားစေတယ်။
ဂျယ်နိုရဲ့တည်ရှိမှုကိုကရဲစခန်းကိုအေးစက်စေပြီးတော့ နက်မှောင်တဲ့အရှိန်အဝါတွေကိုသိသာမြင်သာလာစေပြီး ဒါကလူတွေကိုကြောက်လန့်စေတယ်။
ဂျယ်နိုကဂျယ်မင်းအနားကိုလျှောက်လာပြီးတော့ သူ့ရဲ့လည်ပင်းနားကင်္အကျီစကိုဆွဲထားတဲ့ကျောင်းသားရဲ့ လက်အားချက်ချင်းဆွဲဖြုတ်ပစ်လိုက်ပါသည်။
ဂျယ်နိုကသူ့ရှေ့ကသူ့ထက်အရပ်ပုတဲ့ကျောင်းသားရဲ့ နှဖူးအားသူ့လက်ညှိုးဖြင့်ထိုးပြီးအနောက်ကိုတွန်းထုတ်လိုက်လေပြီး စကားတစ်ခွန်းကိုအေးစက်စွာပြောလိုက်လေသည်။
"မင်းလိုငါ့ခြေထောက်အောက်ကကောင်က ဘာအဆင့်နဲ့ငါ့ပိုင်ဆိုင်မှုကိုထိတာလဲ?"
ဂျယ်နိုရဲ့မျက်လုံးတွေကမီးတောက်တွေနဲ့ပြည့်နေကာ အခန်းထဲကအုပ်ထိန်းသူတွေနဲ့ ကျောင်းသားတွေကိုငြိမ်သက်စေဖို့ရာလုံလောက်အောင်ကြောက်ဖို့ကောင်းနေတယ်။
"မျက်မြင်သက်သေတွေကဂျီဆောင်းကအနိုင်ကျင့်တယ်လို့ပြောတယ်မလား။ ကျောင်းခန်းရဲ့စီစီတီဗွီတွေကိုကြည့်ရအောင်"
ဂျယ်နိုကရဲတွေဘက်ကိုတစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်လြင်းဖြစ်တော့ ရဲတွေကလည်းဂျယ်နိုကိုစပြီးမေးခွန်းထုတ်လာလေပြီဖြစ်သည်။
"...ဘယ်သူပါလဲခင်ဗျ"
"ပထမတန်းအဆင့်ရှေ့နေ လီဂျယ်နိုပါ"
ဂျယ်နိုကသူ့ရဲ့ဘောင်းဘီအိတ်ကပ်ထဲက လိပ်စာကဒ်ကိုထုတ်လိုက်ကာရဲတွေကိုပေးလိုက်လေတော့ ရဲစခန်းတစ်ခုလုံးကအပ်ကျသံပင်မကြားရအောင်ငြိမ်သက်သွားရလေပြီ။

ESTÁS LEYENDO
𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽
RomanceSeason 2 of Love Between CURSE အကြောင်းပြချက်မရှိပဲနဲ့သူချစ်ရတဲ့ကောင်လေးဟာ ရုတ်တရက်ပျောက်ခြင်းမလှပျောက်သွားခဲ့ရတယ် ထူးဆန်းစွာပျောက်ဆုံးမှုကငါးနှစ်ကြာပြီးတဲ့အခါမှာတော့ သူ့ရှေ့တည့်တည့်ကိုပြန်ရောက်လာပြီး အေးချမ်းနေတဲ့ဘဝကစတင်ပြောင်းလဲလာခဲ့တာပါပဲ "Jaemi...