EP - (29)

483 52 3
                                    

ဂျယ်မင်းရဲ့မျက်လုံးထောင့်စွန်းနားကနေမျက်ရည်တွေကျလာကာ မျက်ရည်စီးကြောင်းဖြစ်ပေါ်လာတဲ့အခါမှာဂျီဆောင်းကချက်ချင်းပဲတုန်လှုပ်သွားလေတယ်။

သူ့ဘဝမှာတစ်သက်နဲ့တစ်ကိုယ်သူ့ရဲ့သန်မာလှတဲ့အကိုဖြစ်သူဂျယ်မင်းငိုတာကိုမတွေ့ဖူးခဲ့။ အမြဲတမ်းအရှေ့ကနေမားမားမတ်မတ်ရပ်တည်နေပေးခဲ့တဲ့သူ့အကို။

သူ့ရဲ့အကိုငိုတာကိုတစ်ခါကလေးတောင်မတွေ့ဖူးခဲ့။ ဝမ်းနည်းဆိုတာတောင်အတော်ကိုရှားသည်။ သူ့အကိုဂျယ်မင်းဝမ်းနည်းတာတစ်ခါပဲရှိသည်။

ထိုတစ်ခုတည်းသောဂျယ်မင်းဝမ်းနည်းတာဟာဂျီဆောင်းကိုမိဘအိမ်မှာတစ်ယောက်တည်းထားခဲ့သောနေ့က။ သူ့ရဲ့ဒီလောက်သန်မာတဲ့အကိုဟာဒီလိုရှိုက်ကြီးတငင်ငိုတတ်သည်တဲ့။

"အကို အကိုဘာလို့ငိုတာလဲ"

ဂျီဆောင်းကဂျယ်မင်းအနားကိုတိုးကပ်ကာမေးလိုက်လေတော့ဂျယ်မင်းက ဂျီဆောင်းရဲ့င်္အကျီလက်ကိုဆွဲလိုက်လေပြီးဂျီဆောင်းကိုသူ့အောက်ဘက်နားရောက်စေတယ်။

ငိုနေတာကိုတွေ့တဲ့အခါမှာဂျယ်နိုကဂျယ်မင်းအနားကပ်လာဖို့အရှေ့ကိုတိုးပြီးဂျီဆောင်းကိုဆွဲခွါလိုက်ပေမယ့်လည်း ဂျီဆောင်းရဲ့င်္အကျီလက်ကိုတင်းတင်းကြပ်ကြပ်ကိုင်ထားတဲ့ဂျယ်မင်းကြောင့်အရှေ့ကိုမတိုးလာနိုင်ခဲ့။

"ဘယ်လိုလုပ်မလဲ ဒီအသုံးမကျတဲ့အကိုကဂျီဆောင်းကိုဒါလေးတောင်မကာကွယ်ပေးနိုင်ဘူး..."

ဂျယ်မင်းရဲ့လက်မကဖြည်းညှင်းစွာလှုပ်ရှားသွားကာဂျီဆောင်းမျက်နှာပေါ်က အနာတွေကိုအသာလေးပွတ်သပ်ပေးရင်းပြောနေလေတယ်။

ဂျယ်မင်းရဲ့အသံတွေကတုန်လှုပ်နေကာ သူ့ရဲ့မျက်ရည်တွေကအဆက်မပြတ်ကျဆင်းနေလေသည်။ ဂျယ်မင်းရဲ့ရှိုက်သံတွေကလဲထင်ရှားလို့နေတယ်။

ဂျယ်မင်းရဲ့လက်တွေကတုန်ယင်လျက်ရှိပြီးတော့ဂျီဆောင်းရဲ့ဒဏ်ရာတွေကိုဖြည်းညှင်းစွာထိတွေ့နေလေတယ်။ သူ့ရဲ့ရတနာလေးဟာအနာတရဖြစ်သွားသလိုမျိုး။

"အကိုတောင်းပန်ပါတယ်။ ဂျီဆောင်းကိုမကာကွယ်ပေးနိုင်ဘူး..."

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽حيث تعيش القصص. اكتشف الآن