"ဆေးလိပ်?"
ဂျယ်မင်းသူ့ရဲ့တိုက်ခန်းရှေ့ကနေထွက်ထွက်ချင်းမှာပဲသူရလိုက်တဲ့ ဆိုးရွားလှသောဆေးလိပ်နံ့ကြောင့်နှာခေါင်းရှုံ့လိုက်မိကာဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ပါ၏။
ဘေးပတ်ဝန်းကျင်မှာဘယ်သူမှမရှိနေခဲ့။ ဂျယ်မင်းအခန်းရဲ့အရှေ့ခန်းကအဘိုးကြီးနဲ့အဘွားကြီးနဲ့နှစ်ယောက်နေတာဖြစ်ပြီးဆေးလိပ်သောက်စရာမရှိ။
ဘေးအခန်းမှာတော့ကောင်လေးတစ်ယောက်နေသည်။ သူ့ထငယ်သောအထက်တန်းကျောင်းသားတစ်ယောက်ဖြစ်တာကြောင့်ဆေးလိပ်တော့သောက်မယ်မထင်။ ဒါဆိုဒီဆေးလိပ်နံ့ကဘယ်သူကလာပြီးသောက်ထားတာပါလိမ့်?
ဂျယ်မင်းကအများကြီးစဉ်းစားမနေပဲနဲ့လျှောက်လမ်းကနေလျှောက်သွားကာဓာတ်လှေကားပေါ်တက်လိုက်ကာအောက်ဆုံးမြေညီထပ်ကိုနှိပ်လိုက်ပါတော့သည်။
'တီ~ တီ~ တီ~ တီ~'
ဂျယ်မင်းကသူ့ဖုန်းကိုသူပြန်ငုံ့ကြည့်လိုက်တော့သူမသိသောဖုန်းနံပါတ်တစ်လုံး။ ဂျယ်မင်းကဖုန်းကိုင်လိုက်တာနဲ့တစ်ပြိုင်နက်ဓာတ်လှေကားတံခါးဟာပွင့်သွားပါတော့သည်။
"ဟယ်လို"
'ဟယ်လို နာဂျယ်မင်းလားရှင့်?"
"ဟုတ်ပါတယ်ဗျ"
ဂျယ်မင်းကကားလမ်းမပေါ်ရောက်နေတာကြောင့်အသံသိပ်မကြားရပေမယ့်လည်း သူအနည်းငယ်ရင်းနှီးနေသောအသံကိုသေချာနားထောင်ကာပြန်ဖြေလိုက်ပါ၏။
'ငါပါ ကင်ယူရာ'
"အာ ယူရာ~"
ဂျယ်မင်းရဲ့အသံကအနည်းငယ်တုန်သွားကာဘတ်စ်ကားဂိတ်ကိုသွားနေတဲ့ ခြေလှမ်းတွေဟာအနည်းငယ်တုံ့ဆိုင်းပြီးနှေးသွားပါတော့သည်။
'ငါ့အသံတောင်မမှတ်မိဘူးလား?'
"မှတ်မိပါတယ်။ ဒါနဲ့ဘာကိစ္စရှိလို့လဲ?"
ကင်ယူရာ။ ဂျယ်မင်းနဲ့အထက်တန်းကျောင်းတူတဲ့ကျောင်းနေဖက်။ ကျောင်းနေဖက်ဆိုတာထက်သူမုန်းရသောရန်သူဟောင်းတစ်ယောက်။
'ငါကနင့်ကိုကိစ္စရှိမှခေါ်ရမှာလား'
"..."

YOU ARE READING
𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽
RomanceSeason 2 of Love Between CURSE အကြောင်းပြချက်မရှိပဲနဲ့သူချစ်ရတဲ့ကောင်လေးဟာ ရုတ်တရက်ပျောက်ခြင်းမလှပျောက်သွားခဲ့ရတယ် ထူးဆန်းစွာပျောက်ဆုံးမှုကငါးနှစ်ကြာပြီးတဲ့အခါမှာတော့ သူ့ရှေ့တည့်တည့်ကိုပြန်ရောက်လာပြီး အေးချမ်းနေတဲ့ဘဝကစတင်ပြောင်းလဲလာခဲ့တာပါပဲ "Jaemi...