လွန်ခဲ့သောခုနှစ်နှစ်ခန့်
........................................"ဟေး!"
ဂျယ်မင်းရဲ့လက်ထဲမှာစာအုပ်နှစ်အုပ်ကိုပိုက်ထားကာမျက်မှန်တစ်လက်ကို တပ်ထားပြီးတော့သူ့ကိုခေါ်နေတဲ့ယောင်္ကျားလေးတွေရဲ့အသံကိုလျစ်လျှူရှုဖို့ကြိုးစားနေခဲ့သော်လည်း သူပြမ်ရလိုက်တာကသူ့ရဲ့ကျောကုန်းကိုလာမှန်သောပလတ်စတစ်ဘူးခွံ။
"ငါမင်းကိုခေါ်နေတယ်လေ မကြားဘူးလား!"
ဂျယ်မင်းကအနောက်ကိုပြန်လှည့်ကြည့်လိုက်တော့သူနေ့တိုင်းမတွေ့ချင်ပဲနဲ့တွေ့နေရသောမျက်နှာတစ်ခု။ ဂျယ်မင်းကိုအေးဆေးနေခွင့်မပေးတဲ့လူ။
"နားကန်းနေတာလား"
ဂျယ်မင်းကချက်ချင်းပဲထိုလူနှစ်ယောက်ဆီကိုသွားလိုက်ပါ၏။ ဘာဆိုဘာမှပြောချင်းမရှိ။ သူ့မှာပြောဖို့သတ္တိဆိုတာလည်းတစ်စက်ပင်မရှိနေ။
"ပိုက်ဆံပေး"
"ငါ..ကျူရှုင်အတွက်...ပေးလိုက်တာ"
ဂျယ်မင်းကတုန်လှုပ်စွာနဲ့ပြောလိုက်တော့တစ်ဖက်ကယောင်္ကျားလေးသုံးယောက်ဟာ ပေါ့ပျက်ပျက်ဖြင့်ဂျယ်မင်းကိုကြည့်ကာရယ်ရင်းပြောလာပါသည်။
"ငါတို့လိုချင်တာပိုက်ဆံ။ မင်းဘာသာဘယ်မှာသုံးသုံးငါ့တို့စောက်လုပ်မဟုတ်ဘူး..!"
ဂျယ်မင်းရဲ့ကိုယ်ဟာတုန်ယင်နေပြီးတော့သူ့ရှေ့ကသုံးယောက်ကိုကြည့်လိုက်တယ်။ ဂျယ်မင်းရဲ့အကြောက်တရားဟာသူ့မျက်နှာမှာထင်သာစွာပေါ်လွင်နေပါသည်။
"ငါကိုယ်တိုင်နှိုက်ထုတ်ရမှာလား!"
ထိုထဲကခေါင်းဆောင်နဲ့တူတဲ့အလည်ကတစ်ယောက်ကဂျယ်မင်းဆီ လျှောက်လာပြီးဂျယ်မင်းရဲ့ကိုယ်ကိုထိတွေ့လိုက်တဲ့အခါမှာတော့ဂျယ်မင်းဟာရုန်းနိုင်သလောက်သာရုန်းမိတော့တယ်။
"လက်ကိုဖယ်လိုက်"
ဂျယ်မင်းကိုယ်ပေါ်မှာရှိနေတဲ့လက်ဟာအာဏာရှိတဲ့အမိန့်သံတစ်ခုနဲ့အတူတူ ချက်ချင်းပဲဖယ်သွားကာထိုအသံပိုင်ရှင်ကဂျယ်မင်းရဲ့ဘေးကိုရောက်လာပါသည်။

KAMU SEDANG MEMBACA
𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽
RomansaSeason 2 of Love Between CURSE အကြောင်းပြချက်မရှိပဲနဲ့သူချစ်ရတဲ့ကောင်လေးဟာ ရုတ်တရက်ပျောက်ခြင်းမလှပျောက်သွားခဲ့ရတယ် ထူးဆန်းစွာပျောက်ဆုံးမှုကငါးနှစ်ကြာပြီးတဲ့အခါမှာတော့ သူ့ရှေ့တည့်တည့်ကိုပြန်ရောက်လာပြီး အေးချမ်းနေတဲ့ဘဝကစတင်ပြောင်းလဲလာခဲ့တာပါပဲ "Jaemi...