"စိတ်မလှုပ်ရှားပါနဲ့"
ဂျယ်နိုနဲ့ဂျယ်မင်းနှစ်ယောက်လုံးက ဂျယ်နို့အမေရဲ့အိမ်ရှေ့မှာမတ်တပ်ရပ်နေကြတယ်။ ဂျယ်မင်းကအိမ်အထဲထဲဝင်မယ့်အစား ပိတ်ထားတဲ့တံခါးကိုရပ်ကြည့်နေတာကြောင့်ဂျယ်နိုကပြောလိုက်ခြင်းဖြစ်ပါသည်။
ဂျယ်နိုရဲ့အမေအိမ်ကိုသွားရမှာက ဂျယ်မင်းအတွက်ဝန်ထုပ်ဝန်ပိုးတစ်ခုလိုမဖြစ်နေစေချင်။ သူ့အားစိတ်လျှော့ကာ ပေါ့ပေါ့ပါးပါး ရဲရဲတင်းတင်းနေစေချင်သည်။
ထို့ကြောင့် ဂျယ်နိုကတံခါးကိုကြည့်နေတဲ့ဂျယ်မင်းရဲ့ပုခုံးကိုကိုင်လိုက်ကာ သူ့ဘက်ကိုနူးညံ့စွာဆွဲလှည့်လိုက်လေပြီး အပြုံးတစ်ခုဖြင့်ပြောလိုက်လေတယ်။
"ဟန်နီကကိုယ့်အမေအပေါ်အမှားလုပ်ထားတာဘာမှမရှိဘူး"
"ဟင်?"
"ဟန်နီစိတ်မသက်မသာဖြစ်စရာမလိုဘူး။ ကိုယ်ကအားလုံးကိုရှေ့ကနေဖြေရှင်းပေးမှာမို့ ဟန်နီကဒီတိုင်းလေးပေါ့ပေါ့ပါးပါးနဲ့ ထိုင်နေရုံပဲ"
"..."
ဂျယ်နိုကထိုစကားပြောပြီးသည့်နောက်တွင် ဂျယ်မင်းရဲ့မျက်လုံးတွေတုန်လှုပ်နေခြင်းက နဂိုထက်ပိုပြီးတော့အနည်းငယ်လျော့ကြသွားသည်ကိုဂျယ်နိုကသတိထားလိုက်မိတယ်။
ဂျယ်နိုကဂျယ်မင်းရဲ့လက်ထဲက လက်ဆောင်ထုပ်တွေကိုသူကပြောင်းသယ်လိုက်ပြီးတော့ ဂျယ်မင်းရဲ့နှဖူးထိပ်လေးကိုတစ်ချက်နမ်းလိုက်လေတယ်။
ဂျယ်မင်းကအနည်းငယ်တင်မကဘဲနဲ့ သူ့ရဲ့စိတ်တွေကလုံးဝပေါ့ပါးသွားတာကို ဂျယ်နိုကသိလိုက်ရတော့အလိုလိုပြုံးမိသွားပြန်တယ်။
"ကိုယ့်ရဲ့တစ်ဦးတည်းသောဟန်နီလေး~"
"အင်း"
ဂျယ်နိုကခေါ်လိုက်တာမှန်းသိတော့ ဂျယ်မင်းက 'အင်း' ဟူ၍တိုးငယ်သောအသံထွက်ကာ ပြန်ထူးလိုက်လေတယ်။ ထိုအခါဂျယ်နိုကလည်း
"ကိုယ့်ကိုယုံပြီးအထဲထဲကိုလိုက်ဝင်ပေးနိုင်မလား~"
ဂျယ်နိုရဲ့မျက်နှာပေါ်မှာအပြုံးတစ်ခုကရှိနေပြီးတော့ သူကသူ့ရဲ့လက်တစ်ဖက်ကိုကမ်းလိုက်ကာ ဂျယ်မင်းရဲ့အရှေ့နားမှာဒီအတိုင်းလေးထားထားလိုက်တယ်။

YOU ARE READING
𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽
RomanceSeason 2 of Love Between CURSE အကြောင်းပြချက်မရှိပဲနဲ့သူချစ်ရတဲ့ကောင်လေးဟာ ရုတ်တရက်ပျောက်ခြင်းမလှပျောက်သွားခဲ့ရတယ် ထူးဆန်းစွာပျောက်ဆုံးမှုကငါးနှစ်ကြာပြီးတဲ့အခါမှာတော့ သူ့ရှေ့တည့်တည့်ကိုပြန်ရောက်လာပြီး အေးချမ်းနေတဲ့ဘဝကစတင်ပြောင်းလဲလာခဲ့တာပါပဲ "Jaemi...