EP - (7)

507 57 3
                                    

"ဖယ်စမ်း!!"

ဂျယ်မင်းကသူ့ရဲ့လက်တွေဟာဂျယ်နိုရဲ့ထိန်းချုပ်မှုအောက်မှာမို့မလှုပ်နိုင်သောကြောင့် ဂျယ်မင်းရဲ့ခြေထောက်တွေကချက်ချင်းပဲဂျယ်နိုကိုတက်နင်းလိုက်ပါတော့သည်။

ထိုအခါမှာခွါပေးလာသောဂျယ်နိုပင်။ ဂျယ်နိုကဂျယ်မင်းဆီကခွါပေးလာပြီးတော့ဂျယ်မင်းကချက်ချင်းပဲသူ့နှုတ်ခမ်းကိုသုတ်ပစ်လိုက်ပါတော့သည်။

"ငါ့ကိုတော်တော်ရွံလား.."

ဂျယ်နိုရဲ့နဂိုထဲကနက်ရှိုင်းသောအသံကယခင်ကထက်ပိုနက်ရှိုင်းနေပြီးတော့ အေးစက်တည်ငြိမ်ကာလူတစ်ယောက်ကိုအသာလေးသတ်နိုင်တဲ့အသံဖြင့်ပြောလာပါသည်။

ဂျယ်နိုရဲ့အကြည့်တွေကနူးညံ့ခြင်းတွေနဲ့အတူတူအနည်းငယ်နာကျည်းခြင်းတွေလဲပါဝင်နေခဲ့တယ်။ ဟုတ်တယ်။ ဂျယ်နိုကဂျယ်မင်းကိုနာကျင်စွာကြည့်နေခဲ့တယ်။

"ဘာလဲ ငါကအဲ့လောက်ရွံဖို့ကောင်းနေလား"

ဒီတစ်ခါမှာတော့ဂျယ်နိုရဲ့မေးခွန်းမှာလှောင်ရယ်သံအချို့ပါဝင်နေတယ်။ ဒါပေမယ့်လည်းနာကျင်ခြင်းတွေကတော့မပါမဖြစ်လိုမျိုးပါဝင်နေတုန်းပဲ။

ဂျယ်မင်းကတော့သူ့ရှေ့မှာရှိနေတဲ့ဂျယ်နိုကိုရွံရှာစုတ်ပြတ်ပြီးစိတ်ပျက်ဖို့ကောင်းတဲ့ အမှိုက်တစ်ခုကိုကြည့်နေသလိုမျိုးခံစားချက်မျိုးစုံဖြင့်ပြန်ကြည့်နေခဲ့ပါသည်။

"ဖြေလေ!"

"အွန်း ရွံဖို့ကောင်းတယ်။ စောက်ရမ်းရွံဖို့ကောင်းလွန်းလို့သေတော့မယ်ထင်တယ်"

"ရွံဖို့ကောင်းလွန်းပြီးမင်းကိုမြင်တိုင်းစိတ်ပျက်တာမို့ငါ့ရှေ့ကိုပေါ်ပေါ်မလာနဲ့။ ကျေးဇူးပြုပြီး!"

အဟား...။ ဟန်တောင်မဟန်ဆောင်နေခဲ့ပါလား ဟန်နီ။ မင်းဟာလိမ်တာသိပ်တော်တယ်မလား။ ဘာလို့များဒီတစ်ခါမှာရောကိုယ်စိတ်သက်သာရာရအောင်မလိမ်ခဲ့ရတာလဲ။

"ဂျယ်မင်း...မင်းပြောင်းလဲသွားပြီ..."

ဂျယ်နိုရဲ့အသံကနာကျင်အက်ကွဲစွာထွက်လာပြီးတော့ဒီအရာကိုကြားထဲအခါမှာ ဂျယ်မင်းကတော့စိတ်ထဲကနေသာအသံတိတ်လှောင်ပြီးရယ်မောမိတော့တယ်။

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽Où les histoires vivent. Découvrez maintenant