EP - (12)

432 50 11
                                    

"ကိုယ်နောက်ကျမှရောက်လာလို့ဆောရီး"

"မနောက်ကျပါဘူး ဂျယ်နိုရဲ့"

ဂျယ်နိုရဲ့စကားအပြီးမှာတော့ယူရာချိုသာဖော်ရွေတဲ့အသံလေးကကပ်ပါလာခဲ့တယ်။ ဒီအသံကပဲဂျယ်မင်းရဲ့ဆုပ်ထားတဲ့လက်သီးတွေကိုပိုတင်းကြပ်စေတယ်။

"ဒီမှာထိုင်။ ငါနင့်အတွက်ထိုင်ခုံနေရာချန်ထားပေးတယ်"

ဂျယ်နိုကိုယူရာကဖော်ရွေစွာပြောနေတဲ့အသံကိုကြားနေရပြီးတော့ ဂျယ်မင်းကဂျယ်နိုကိုတစ်ချက်ပင်မလှည့်ကြည့်ခဲ့တဲ့အပြင်မျက်လုံးဖြင့်တစ်ချက်တောင်ဝေ့ပြီးမကြည့်ခဲ့။

ဂျယ်နိုကသေချာပေါက်ယူရာရဲ့ဘေးမှာထိုင်လိုက်လောက်ပြီလို့တွေးထားခဲ့ပေမယ့် ဂျယ်နိုဟာယူရာဆွဲရာနောက်ကိုပါသွားမယ့်အစားယူရာရဲ့လက်ကိုဆွဲဖြုတ်လိုက်ပါသည်။

အနည်းငယ်အံ့ဩသွားကြတဲ့အတန်းဖော်တစ်ချို့ရဲ့မျက်နှာထားကြောင့် ဂျယ်မင်းကဂျယ်နိုဘက်ကိုလှည့်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။

ဂျယ်မင်းတွေ့လိုက်ရတာဟာဂျယ်နိုရဲ့လက်ကိုဆွဲကိုင်ဖို့ရာပြင်ထားပေမယ့် ဆွဲဖြုတ်ခံထားရတဲ့ကင်ယူရာရဲ့လက်နဲ့အတူတူဝမ်းနည်းသလို အရှက်ရသလိုဖြစ်နေသောမျက်နှာ။

ပြီးတော့ဂျယ်မင်းရဲ့မျက်နှာကိုစိုက်ကြည့်နေခဲ့တဲ့ဂျယ်နိုရဲ့မျက်ဝန်းတစ်စုံ။ ဂျယ်မင်းကဂျယ်နိုကိုဘာခံစားချက်မှမရှိတဲ့မျက်လုံးနဲ့ကြည့်နေခဲ့ပေမယ့်ဂျယ်နိုကတော့ဂျယ်မင်းကိုခံစားချက်များရောထွေးစွာကြည့်နေတယ်။

ဒါမှမဟုတ်ရိုးရိုးရှင်းရှင်းပဲနောင်တအချို့နဲ့အချစ်အချို့ပါဝင်နေတဲ့မျက်လုံးများဖြင့်ကြည့်နေခဲ့တာများလား? ဂျယ်မင်းရဲ့စိတ်တွေကရှုပ်ထွေးနေလို့ပဲရိုးရှင်းသောခံစားချက်များကိုမမြင်နိုင်တာများလား?

ဂျယ်နိုကသူ့အပေါ်ကျရောက်နေတဲ့အခန်းတစ်ခန်းလုံးရဲ့မျက်လုံးတွေနဲ့ အာရုံစိုက်မှုတွေကိုတစ်ချက်ပင်ဂရုမစိုက်ဘဲနဲ့ဂျယ်မင်းဆီကိုလှမ်းလာပါ၏။

ဂျယ်နိုကသူ့ဘေးမှာထိုင်နေသောအတန်းဖော်ယောင်္ကျားလေးတစ်ယောက်ရဲ့ နောက်မှာရပ်လိုက်ကာဂျယ်မင်းကိုအကြည့်လွှဲလိုက်ပါတောသည်။

𝙼𝚘𝚛𝚊𝚕 𝙾𝚏 𝚃𝚑𝚎 𝚂𝚝𝚘𝚛𝚢 🅽🅾︎🅼🅸🅽Where stories live. Discover now