Chapter 2: ချင်းရန်

8.8K 1K 28
                                    

(ကိုယ်မင်းကို ဂရုစိုက်ပေးမယ်)

ဝမ်တဟူ၏ ဦးခေါင်းဒဏ်ရာကြောင့်သူ့အဘွားက သူ့ကို အိပ်ရာထဲတွင်သာလှဲနေခိုင်းခဲ့၏။တစ်လခွဲကြာသည်အထိ မြေပြင်ကိုပင်ထိခွင့်မရခဲ့ပေ။

နောက်ဆုံးတော့ ဒီနေ့တွင် "ကလေးငယ်လေး" ဟာ လွတ်မြောက်ခွင့်ရခဲ့လေပြီ။

"ဘမ်း ဘမ်း ဘမ်း"

မနက်အစောကြီးကတည်းက အဘွားသည်မီးဖိုချောင်ထဲ၌ အသီးအရွက်များလှီးဖြတ်ကာ အသားများ ခုတ်ထစ်ရင်းအလုပ်များနေခဲ့၏။

"တဟူ ပင်ပန်းရင် အိမ်ထဲမှာအနားယူနော် သတိထား တံခါးကိုမင်းလက်ပေါ်ကျအောင် မပိတ်မိစေနဲ့အုန်း"

အဘွားသည်မီးဖိုရှေ့တွင်ထိုင်နေသည့် သူ့မြေးကို ကြည့်လိုက်ရင်း နူးညံ့သိမ်မွေ့စွာ ပြောလိုက်၏။

"အဘွားကျွန်တော်မပင်ပန်းပါဘူး အဘွားကသာ ပင်ပန်းနေတာ အဘွားဒီမနက်ကတည်းက အလုပ်လုပ်နေတာ ခဏလောက်အနားယူသင့်တယ်!"

သူ့မြေး၏စကားကိုကြားလိုက်ရချိန်၌ ရင်ထဲတွင် နွေးထွေးသွားသလို ခံစားလိုက်ရ၏။စိတ်ထဲလှုပ်ခတ်သွားကာ မျက်ရည်များပြည့်လျှံလာခဲ့သည်။

သစ်ပင်ပေါ်မှပြုတ်ကျပြီးနောက် ဒီကလေးကပိုနားလည်လာခဲ့၏။အရင်ကလို မရက်စက်တော့သည့်အပြင် သူတပါးကိုမည်သို့ဂရုစိုက်ပေးရမည်ဆိုသည်ကိုသိလာ၏။သူကတကယ်ကိုနာခံတတ်သည့်ကလေးတစ်ယောက်ပင်။

"အဘွားမပင်ပန်းပါဘူး အဘွားမှာ လူငယ်လေးတစ်ယောက်ရှိတယ်လေ နောက်ပြီးရင် အဘွားတို့ မီးဖိုချောင်စောင့်နတ်မင်း*ကို ကောင်းကင်ဘုံဆီပို့ဆောင်ပေးရအုန်းမယ် ပူဇော်စရာတွေကိုသပ်သပ်ရပ်ရပ် ပြင်ဆင်ထားဖို့လိုတယ် မဟုတ်ရင်မီးဖိုချောင်စောင့်နတ်မင်းကဒေါသထွက်လိမ့်မယ်"

(T/N-မီးဖိုချောင်စောင့်နတ်မင်းသည် မိသားစုတစ်ခုနှင့် အခြားအရေးကြီးသောနတ်ဘုရားများကြားရှိ အရေးကြီးသော ကြားခံတစ်ခုဖြစ်သည်။မီးဖိုချောင်စောင့်နတ်မင်းကို တစ်ခါတစ်ရံတွင်မီးဖိုစောင့်နတ်မင်းအဖြစ်ရည်ညွှန်းပြီး မီးဖိုသည်စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုသည်ဟု ယူဆသောကြောင့် ဤနတ်မင်းသည် မိသားစုဘဝအတွက်အရေးကြီးသည်)

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now