(ဖြူစင်)
ဖုန်းနန်ထပ်၍အိမ်မက်မက်ပြန်၏!
မျက်လုံးများကိုဖွင့်ကြည့်လိုက်ချိန်၌ အိပ်ခန်းကမှောင်နေဆဲဖြစ်ပြီး သူကဖြည်းညှင်းစွာထထိုင်လိုက်ကာ ခေါင်းအုံးအောက်မှဘောင်းဘီသန့်သန့်လေးတစ်ထည်အားထုတ်ယူလိုက်၏။သူကဆူညံသွားကာ တစ်ဖက်လူအားစိတ်အနှောင့်အယှက်ဖြစ်စေမည်ကိုကြောက်ရွံ့သောကြောင့် အလွန်ဂရုတစိုက်ပြုမူနေခဲ့လေသည်။
အစားထိုးဝတ်ဆင်လိုက်ပြီးနောက် စိုစွတ်နေသည့်အတွင်းခံကိုဝှက်ထားကာ ဖုန်းနန်၏နှလုံးငယ်လေးမှာ အနည်းငယ်မြန်ဆန်နေဆဲ။
မကြာသေးမီက သူသည်ဘာကြောင့်မှန်းမသိသော်လည်း ထိုနေ့ကသူမြင်တွေ့ခဲ့ရသမျှကိုအမြဲလိုလိုအိပ်မက်မက်နေခဲ့လေသည်။
နီမြန်းနေသောပါးပြင်လေးအားပွတ်သပ်ကာ ဖုန်းနန်မှာ "တွေဝေငေးငိုင်"နေသောအခြေအနေတွင်ရှိနေလျက်။
သူကြိုက်နေသူက ကိုကိုတဟူဖြစ်မည်ဟုထင်ခဲ့ခြင်းသာ!
ဒါဆိုကိုကိုချင်းရန်ရဲ့မျက်နှာက သူ့စိတ်ထဲမှာဘာလို့ခဏခဏပေါ်လာနေရတာလဲ?
ဒါကဘယ်လိုများဖြစ်နေရတာလဲ?
"မင်းညနက်ကြီးထပြီးတော့ဘာလို့လှုပ်လှုပ်ရှားရှားလုပ်နေရတာလဲ?"
ရုတ်တရက် အေးစက်စက်အသံတစ်ခုကထွက်ပေါ်လာ၏။
ဖုန်းနန်မှာလန့်သွားပြီး ရင်ဘတ်ကိုထုကာဒေါသတကြီးဖြင့်ပြောလိုက်၏။
"မင်းဘာလို့ရုတ်တရက်ကြီးထပြောရတာလဲ တကယ်လန့်အောင်လုပ်နေတာပဲ!"
ဆန့်ကျင်ဘက်ကုတင်၌လှဲလျောင်းနေသောကောင်းလင်ဖုန်းကလှည့်ကာ ခေါင်းထောင်ရင်းပြောလာလေသည်။
"ငါအိပ်ချင်နေပေမယ့် မင်းကအိပ်ရင်းယောင်နေတယ်လေ အဲ့တော့ငါကဘယ်လိုအိပ်ရတော့မလဲ"
အိမ် အိမ်မက်မက်ရင်းယောင်နေတာ!
"ငါ ငါဘာတွေပြောနေတာလဲ?"
YOU ARE READING
Reborn Only to Love You Again || ဘာသာပြန် 《Completed》
RomanceOriginal Title: 重生只为再爱你一次 Author: 一个小瓶盖 Chapter: 76 Chapters (Completed) *MTLမှတိုက်ရိုက်ပြန်ဆိုခြင်းဖြစ်သည်။* I don't own any part of this story.This is just fun translation.All credit goes to original author.