(နှစ်များကဖြတ်သန်းသွားလေသည်)
မေလ၏ပဉ္စမနေ့ နမိတ်ကောင်းလှ၏။
မီးရှူးမီးပန်းများဖောက်ကွဲသံနှင့်အတူ ဝမ်မိသားစု၏အိမ်သစ်သည် နောက်ဆုံးတွင် ၎င်း၏ပိုင်ရှင်များကို ကြိုဆိုခဲ့လေသည်။
အိမ်သစ်သည် 180 စတုရန်းမီတာနီးပါး ကျယ်ဝန်းပြီး အလွန်လှပသောအမှတ်အသားပါသည့်အနောက်တိုင်းပုံစံ အဆောက်အဦးငယ်လေးဖြစ်လေသည်။ဧည့်ခန်းကိုထည့်မတွက်ပါက စုစုပေါင်းအခန်းငါးခန်းပါရှိပြီး ဝမ်တဟူနှင့်လီချင်းရန်တို့၏အခန်းများသည် ဒုတိယထပ်တွင်ရှိလေသည်။ထို့ကြောင့် သူတို့သည်တစ်အိမ်တည်းတွင်နေထိုင်ကြ၏။
နံရံများသည်နှင်းများကဲ့သို့ဖြူဖွေးနေပြီး ကြမ်းပြင်သည်အဝါရောင်ဖြစ်ကာ ကုတင်နှစ်လုံးမှာဘေးချင်းကပ်လျက်။အပေါ်မှအခင်းများကို ကျန်းဖန်းကပန်းရောင်စတော်ဘယ်ရီပုံစံဖြင့် အထူးရွေးချယ်ထားလေသည်။
ဝမ်တဟူသည် သူ့လက်ကိုဆန့်လိုက်ပြီး ကြမ်းပြင်နှင့်အရောင်တူ မျက်နှာကြက်မှကုလားကာများကိုဆွဲချကာ လှည့်ကြည့်ရင်းလီချင်းရန်အား နောက်ပြောင်လိုက်၏။
"မေမေက ကိုယ်တို့နှစ်ယောက်ကိုသမီးတွေလိုပြုစုပျိုးထောင်ချင်နေတဲ့ပုံပဲ"
လီချင်းရန်ကနားထောင်ပြီးနောက် သူ့အားတစ်ချက်စိုက်ကြည့်လာ၏။
တစ်ခန်းလုံးတွင် "မိန်းမဆန်မှုများ"နှင့် ပြည့်နေသော်လည်း ပရိဘောဂများသည်အခန်းကိုအလှဆင်သူများ၏ သတိထားမှုကိုထင်ဟပ်နေစေခဲ့လေသည်။
စာအုပ်များကို ဆီဆေးအဖြူရောင်သုတ်ထားသော လက်ရာမြောက်လှသည့်စာအုပ်စင်ပေါ်တွင် သပ်သပ်ရပ်ရပ် တင်ထားလေသည်။ကလေးနှစ်ယောက်၏အမြင့်ကိုတွေးထားကာ စင်သည်တိုသောကြောင့် လက်ဖြင့်သာယူ၍ရနိုင်လေသည်။စာအုပ်စင်ဘေးတွင် ဝမ်တဟူနှင့်လီချင်းရန်တို့ စာကျက်ရန်နှင့်အိမ်စာရေးရန် ထောင့်မှန်စတုဂံပုံသစ်သားစားပွဲကြီးတစ်ခုရှိလေသည်။ထို့အပြင်လီချင်းရန်ကို အချိန်အကြာကြီးရပ်တန့်ကာ ငေးမောနေမိစေသည့်
အခြားသေးငယ်သော်လည်း လှပသောဒီဇိုင်းများစွာလည်းရှိသေး၏။
YOU ARE READING
Reborn Only to Love You Again || ဘာသာပြန် 《Completed》
RomanceOriginal Title: 重生只为再爱你一次 Author: 一个小瓶盖 Chapter: 76 Chapters (Completed) *MTLမှတိုက်ရိုက်ပြန်ဆိုခြင်းဖြစ်သည်။* I don't own any part of this story.This is just fun translation.All credit goes to original author.