Chapter 7:ခွဲခွါခြင်း

4.5K 738 24
                                    

(တဟူ အိမ်ပြန်ရခြင်း)

"မေမေ၊ နောက်ထပ်ရက်နည်းနည်းလောက်နေခွင့်ပြုပါ!"

ဝမ်တဟူသည် သူ့အမေ၏ပေါင်ကိုဆုပ်ကိုင်ရင်းခိုညည်းသလို ညည်းနေတော့သည်။

"သားအဘိုး၊အဘွားတို့နဲ့နေချင်သေးတယ်!"

၎င်းကိုကြားသဖြင့် အဘွားကမျက်ရည်များ စီးကျလာခဲ့၏။

"ချွေးမ!တဟူကို ဒီမှာထပ်နေပြီးနှစ်ရက်လောက်ကစားခွင့် မပေးရတာလဲ?"

ကျန်းဖန်းကသည် သူ့သား၏မျက်နှာကိုပြင်းထန်စွာ ဖိညစ်လိုက်ရင်းမော့ကြည့်ကာ ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြောလိုက်၏။

"အမေနဲ့အဖေက မင်းနှစ်တွေမှာအဆင်ပြေနေကြတာလေ ဒီကလေးက ဘယ်လောက်ခေါင်းမာလဲဆိုတာကြည့်အုန်း အမေ့ရဲ့ခံစားချက်တွေကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာတောင် တတ်နေပြီ သူ့ကိုပညာပေးဖို့ အိမ်ပြန်ခေါ်သွားပါရစေ"

သူ့အမေ ဆုံးဖြတ်ပြီးသည်ကိုဝမ်တဟူသိလေသည်။ထို့အပြင် သူကငယ်ရွယ်နေသေး၏။မိခင်တစ်ယောက်အနေဖြင့်ကျန်းဖန်းသည် သူမမမြင်ကွယ်ရာ၌သူ့သားကိုမချန်ထားခဲ့နိုင်ပေ။သူ့ကို ကျေးလက်၌တစ်လလောက် ကစားခွင့်ပေးလိုက်ခြင်းကပင် အဓိကအချက် ဖြစ်နေလေပြီ။

အခြေခံအားဖြင့်တဟူသည် မည်မျှပင်မကျေမနပ်ဖြစ်နေပါစေ၊ ကိုးရက်နေ့ နံနက်အစောပိုင်း၌ သူသည် အိမ်အပြန်လမ်းကိုစတင်ခဲ့ရ၏။

ကုန်တင်ကားသည် လမ်းမတစ်လျှောက် ဖြည်းညှင်းစွာရွေ့လျားလာကာ ဖုန်မှုန့်များနှင့်ကြမ်းတမ်းသော မြေကွက်များပေါ်တွင် ဆောင့်နင်းသွားခဲ့လေသည်။ ဝမ်တဟူသည် မြူများဖြင့်ပြည့်နေသောပြတင်းပေါက်ကိုမှီ၍ ငွေ့ရည်ဖွဲ့မှုများပေါ်၌ပုံကြမ်းလေးများရေးဆွဲနေခဲ့၏။ရွာအဝင်ဝနားသို့ နီးကပ်လာသည်နှင့်အမျှသစ်ပင်ကြီး၏အောက်၌ ကလေးငယ်တစ်ဦး၏ပုံသဏ္ဌာန်လေးကို ရုတ်တရက်မြင်လိုက်ရ၏။

ဝမ်တဟူမှာ နှလုံးပင်ရပ်တန့်သွားလုနီးပါး။

မနေ့ညက သူလီချင်းရန်ကို နှုတ်ဆက်ပြီးနောက်ပြန်မည့်အချိန်ကို ရည်ရွယ်ချက်ရှိရှိမပြောခဲ့ပေ။ ထိုကောင်လေးက သူ့ကိုလာတွေ့မည်ကိုကြောက်နေမိ၏။ဒီကလေးလေးဟာ ဒီကိုအလွန်စောစီးစွာရောက်နေလိမ့်မည်ဟု သူမထင်ထားခဲ့မိပေ။

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now