Chapter 44:ခရစ္စမတ်(အမွှာများ)

2.6K 400 49
                                    

(ကလေးတွေက စိတ်အနှောက်အယှက်ဖြစ်စေတဲ့အရာတွေပဲ!)

"ကိစ္စတွေကဒီလိုဖြစ်သွားတာ!"

Chihuahua မှာခရီးဝေးသွားမည့်ဝတ်စုံကိုဝတ်ဆင်ထားလျက် တံခါးဝတွင်ရပ်နေပြီးအနည်းငယ်အားနားနေသောအမူအယာဖြင့်။

"ငါနဲ့အားမင်တို့ရဲ့အရမ်းကောင်းတဲ့သူငယ်ချင်းတစ်ယောက်က ခရစွစမတ်နေ့မှာလက်ထပ်တော့မှာမို့ ကျေးဇူးပြုပြီး....."

လက်ကိုပူးကပ်ကာတောင်းပန်စကားဆိုလာ၏။

"ကျေးဇူးပြုပြီး ငါတို့ရဲ့ရှီအာနဲ့ယွဲ့အာကို ရက်အနည်းငယ်လောက် ဂရုစိုက်ပေးပါ"

သူ့စကားကိုနားထောင်ပြီးနောက် ဝမ်တဟူကချက်ချင်းဆိုသလိုမလိုလားသည့်အမူအယာကိုပြသလာ၏။သူအချိန်အကြာကြီးစောင့်မျှော်ခဲ့ရသည့် ပန်း၊ဝိုင်၊စုံတွဲအက သူ၏ချစ်သူလေးနှင့်အတူ အချစ်များ၊ချိုမြိန်မှုများနှင့်ပြည့်နေသောခရစ္စမတ်ဖြစ်သင့်သော်လည်း မျှော်လင့်ချက်များကရိုက်ခိုးခံရကာ ဤဆိုးညစ်လှသောကလေးနှစ်ယောက်ထံမှ စိတ်ရောကိုယ်ပါညှင်းပန်းခံရမည့်အခြေအနေအဖြစ် မည်သို့များပြောင်းလဲသွားရတာလဲ?

"ဦးလေးလုံနဲ့ဦးလေးတို့စိတ်မပူကြပါနဲ့ ရှီအာနဲ့ယွဲ့အာကိုကျွန်တော်တို့နဲ့ထားခဲ့လိုက်ပါ!"

လီချင်းရန်မှာ ဝမ်တဟူ၏ဝမ်းနည်းကြေကွဲမှုကိုနားမလည်နိုင်ဖြစ်နေပြီး ပြုံးကာပြောလိုက်လေသည်။

"~~~~(>__<)~~~~ ဝူး.....ရန်ရန်မင်းကအကောင်းဆုံးပဲ အမေရိကကပြန်လာရင်မင်းအတွက်လက်ဆောင်တွေဝယ်လာခဲ့မယ်! ရှီအာနဲ့ယွဲ့အာ ကိုကိုရန်ရန်ရဲ့စကားကိုနားထောင်နော် မဆိုးရဘူးနော် သိတယ်မလား?"

"ဟုတ်ကဲ့ပါ!"

ချစ်စဖွယ်အင်္ကျီများကိုဝတ်ဆင်ထားသည့် အမွှာကောင်လေးနှစ်ယောက်မှာ တစ်ညီတစ်ညာထဲပြန်ဖြေလာ၏။

"ကျွန်တော်တို့ကောင်းကောင်းနေမှာပါ ဒယ်ဒီနဲ့ပါးပါးတို့ကောင်းကောင်းသွားပြီးပြန်လာခဲ့ပါ!"

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now