Chapter 50:အရူး

2.2K 377 11
                                    

လီချင်းရန်သည်ဝမ်တဟူ၏ခါးခါးသီးသီးငြင်းပယ်သောစကားလုံးများကိုနားထောင်ပြီးနောက် အနည်းငယ်စိတ်ဆိုး၊ အနည်းငယ်ဒေါသဖြစ်လာပြီး ရှက်ရွံ့မှုကလည်းပို၍ထင်ရှားလာတော့သည်။

မှန်ပေသည်။သူယခုကဲ့သို့ အလွန်အမင်းအဆင်မပြေဖြစ်နေရခြင်းက မိမိမှာဤမျှ "တစ်ကိုယ်ကောင်းဆန်သော"သူတစ်ယောက်ဖြစ်သည်ဟု ရုတ်တရက်သိရှိသွားခဲ့ခြင်းကြောင့်ပင်။ဝမ်တဟူ၏ရင်ခွင်ထဲ၌ပုန်းနေရင်း တည်ငြိမ်ပြီးအသက်ဝင်လှသောနှလုံးခုန်သံကိုနားထောင်ကာ နှုတ်ခမ်းကိုကိုက်ပြီးပြောလိုက်၏။

"တကယ်တောင်းပန်ပါတယ် ငါကဒီလိုဇွတ်တရွတ်နိုင်တဲ့လူမျိုးပါ"

"မင်းဒါကိုတော့သိတာပဲ!"

ထိုနူးညံ့အိစက်လှသောပါးပြင်လေးအားနမ်းရန်အချိန်မကျသေးသော်လည်း ဝမ်တဟူကပျော်ရွှင်စွာဖြင့်ရယ်မောလိုက်လေသည်။

လီချင်းရန်ကရှက်စိတ်၊ဒေါသများနှင့်အတူ တုံ့ဆိုင်းမနေဘဲဝမ်တဟူ၏ခါးအားလိမ်ဆွဲရန်လက်ကိုမြှောက်လိုက်သော်လည်း မထင်မှတ်ထားစွာပင်ထိုလက်ကိုဝမ်တဟူကတင်းတင်းကြပ်ကြပ်ဆုတ်ကိုက်လာခဲ့လေသည်။

"ဒါပေမဲ့ မင်းကအခုအထိပုံမှန်အတိုင်းအေးစက်စက်နဲ့လျစ်လျူရှုနေပြီးခေါင်းမာနေတုန်းပဲ ကိုယ်ကလည်းဒီလိုမျိုးကိုချစ်တာ!"

ရင်ထဲထိခတ်သွားစေနိုင်သည့်ပိုးသားကဲ့သို့ နူးညံ့လှသည့်ချစ်စကားများသည် လီချင်းရန်၏နားတစ်ဝိုက်၌ရစ်ဝဲနေကာ နူးညံ့အိစက်သောငှက်မွှေးလေးတစ်ချောင်းဖြင့်သူ့နှလုံးသားကိုကုတ်ခြစ်နေသလိုခံစားရစေပြီး သူ့အားတွေးတောနိုင်ခြင်းမရှိအောင်ပြုလုပ်နေတော့သည်။

အရှက်မရှိဘူး!

ကြယ်များကဲ့သို့မျက်စိသူငယ်အိမ်များကမှေးမှိန်လာကာ လီချင်းရန်မှာအက်ကွဲနေသောအသံဖြင့်မေးလိုက်၏။

"ဒါ...ဒါဆိုမင်းအဖြေကဘာလဲ?"

"ဒီတစ်ခါမင်းအရင်ပြောမယ်လို့ ကိုယ်မျှော်လင့်တယ်...."

ဝမ်တဟူကကိုယ်ကိုလှည့်ကာ လီချင်းရန်အားသူ့အောက်၌ဖိထားလိုက်ပြီး နှစ်ယောက်လုံး၏မျက်ဝန်းများကလိမ်ယှက်နေကာ အသက်ရှူသံများကလည်းရောထွေးနေလေတော့သည်။

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now