(အချစ်က အပြစ်ရှိလား?)
အဘိုးသည်အိမ်ထဲသို့မည်သူ့ကိုမျှ ဝင်ခွင့်မပေးတော့ဘဲ သံယောက်ချိုတစ်ခုကိုကောက်ကိုင်ရင်း သူတို့နှစ်ထောက်ရှေ့သို့ပစ်ချကာ ဝမ်ယောင်းကျူအား လက်ညှိုးထိုးရင်းပြောလာ၏။
"ထွက်သွား ထွက်သွား ဒီကနေထွက်သွား ငါ ဝမ်ရှို့မင်မှာ မင်းလိုသားမရှိဘူးလို့ပဲသဘောထားပစ်လိုက်မယ်"
"ဖေဖေ—————"
ဝမ်ယောင်းကျူသည် မြေပြင်ပေါ်ဒူးထောက်ထားရင်း နာကျင်စွာမျက်ရည်များကျလာတော့သည်။
"ဖေဖေ ဒါကိုလက်မခံနိုင်ဘူးဆိုတာကျွန်တော်သိပါတယ် ဒါပေမဲ့ရိမင်နဲ့ကျွန်တော်ကတကယ်ကို စစ်မှန်ပါတယ် ဖေဖေကျွန်တော်တို့ကိုကောင်းချီးပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
"ဘာကစစ်မှန်နေတာလဲ!"
ဝမ်ရှို့မင်သည် သူ့ဘဝတွင်ဤမျှကြီးမားစွာဒေါသထွက်ခဲ့ခြင်းမရှိပေ။ငယ်စဉ်ကတည်းက သူချစ်ခဲ့ရသည့် ဂုဏ်ယူရသည့်သားငယ်လေးသည် ဤမျှဆိုးသောလမ်းကိုလျှောက်လှမ်းလိမ့်မည်ဟု မထင်ထားခဲ့မိ။
"ငါပြောမယ် မင်းဒီလုံရိမင်နဲ့လမ်းခွဲပြီး ချက်ချင်းမိန်းမယူရင် မင်းကိုသားအဖြစ်ဒီတစ်သက်လုံးအသိအမှတ်ပြုဖို့ ငါထပ်တွေးတော့မှာမဟုတ်ဘူး!"
"ဖေဖေ ဒီလိုအတင်းအကြပ်မလုပ်ပါနဲ့....."
ဝမ်ယောင်းကျူသည်မျက်ရည်များနှင့် တောင်းပန်လိုက်လေသည်။
အဘိုးအိုသည် ထိုစကားကိုကြားသောအခါ လှည့်၍ထွက်သွားပြီး သားဖြစ်သူအတွက် ပြတ်သားသောကျောပြင်ကိုသာ ချန်လှပ်ထားခဲ့တော့သည်။
အဘွားသည်တံခါးနောက်တွင်ငိုနေပြီး စိတ်ဆိုးနေသော်လည်း သူမ၏ကလေးအတွက်ပို၍ပင်စိတ်ဆင်းရဲနေမိလေသည်။ဝမ်တဟူနှင့်လီချင်းရန်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက်တွင် ဝမ်တဟူသည်တစ်ခုခုကိုတွေးကာ ရှေ့သို့တိုးသွားပြီး သူတို့အားထရန်ကူညီလိုက်ကာ တစ်ခုခု ပြောလိုက်လေသည်။
YOU ARE READING
Reborn Only to Love You Again || ဘာသာပြန် 《Completed》
RomanceOriginal Title: 重生只为再爱你一次 Author: 一个小瓶盖 Chapter: 76 Chapters (Completed) *MTLမှတိုက်ရိုက်ပြန်ဆိုခြင်းဖြစ်သည်။* I don't own any part of this story.This is just fun translation.All credit goes to original author.