ဝမ်တဟူ၏စိုးရိမ်မှုနှင့်ကြောက်ရွံ့မှုများသည် လုံးဝတန်ဖိုးမရှိကြောင်း သက်သေပြခဲ့လေသည်။
"ထိုနေ့" ရောက်လာသည့်အခါ သူက Maldives ရှိသီးသန့်ကမ်းခြေတစ်ခု၌ လီချင်းရန်နှင့်အတူရေကူးနေ၏။
မနက်စောစော၌မျက်လုံးများကိုဖွင့်ပြီး သူ့ရင်ခွင်ထဲမှမနိုးသေးသောသူကိုနမ်းလိုက်ပြီးနောက် အင်္ကျီမဝတ်တော့ဘဲအနီရောင်ရေကူးဘောင်းဘီတိုတစ်ထည်ဖြင့်သာ အောက်ထပ်သို့မနက်စာစားရန်ဆင်းသွားလိုက်လေသည်။
ရိုးရှင်းသော ဝက်ပေါင်ခြောက်များနှင့် အသားညှပ်ပေါင်မုန့်များသည် အလွန်အရသာရှိလေသည်။
ထို့နောက်ငှားထားသောစပိဘုတ်ပေါ်တွင် တစ်မနက်လုံးအချိန်ဖြုန်းကြလေသည်။
ပြောရမည်ဆိုလျှင် ကျယ်ပြောလှပြီးအဆုံးမရှိသောပင်လယ်ကြီးထဲ၌ အရှိန်ပြင်းပြင်းဖြင့်ဖြတ်ပြေးရသည့်ခံစားချက်က တကယ်ကိုအံ့မခန်းပင်။
သူတို့နှစ်ဦးသည် ငါးနှစ်ခြောက်နှစ်သားအရွယ်ကလေးများဖြစ်ခဲ့သည့်အချိန်သို့ပြန်ရောက်သွားခဲ့သလိုပင် ပျော်ရွှင်စွာရယ်မောရင်းပင်လယ်၏နက်နဲသောနေရာသို့ စကားလုံးများစွာကိုအော်ဟစ်ခဲ့ကြလေသည်။
သူတို့ကရေငုပ်ခဲ့ကြပြီး ဝမ်တဟူကစိတ်လှုပ်ရှားစွာရေရွတ်လိုက်၏။
'ဝါး~~~ငါးအကြီးကြီးတွေ၊ငါးသေးသေးလေးတွေ၊ငါးပါးနီ၊ငါးပုတ်သင်တွေအများကြီးရှိတယ်'
သူ့ဘေးနားမှလီချင်းရန်ကအမှန်ပြင်ပေးလာ၏။
'အဲ့တာက လိပ်ပြာငါး၊သင်းခွေချပ်၊ငါးတံခွန်၊ဘုရင်မငါးနဲ့မဟူရာငါးတွေပဲ နောက်ဆုံးဘောနပ်တစ်ခုပြောပြမယ် အိမ်ပြန်ရောက်ရင်စာအုပ်များများဖတ်သင့်တယ်'
ဝမ်တဟူကဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး နောက်တစ်စက္ကန့်တွင် ဒေါသထွက်စေသောပါးစပ်လေးအားပိတ်လိုက်လေသည်။
အပူပိုင်းဒေသရှိရာသီဥတုသည် အမြဲပြောင်းလဲနေပြီး မွန်းလွဲပိုင်းတွင်သဲသဲမဲမဲရွာနေသည့်မိုးက ဤလှပသောကျွန်းကိုဝင်ရောက်လာခဲ့လေသည်။
YOU ARE READING
Reborn Only to Love You Again || ဘာသာပြန် 《Completed》
RomanceOriginal Title: 重生只为再爱你一次 Author: 一个小瓶盖 Chapter: 76 Chapters (Completed) *MTLမှတိုက်ရိုက်ပြန်ဆိုခြင်းဖြစ်သည်။* I don't own any part of this story.This is just fun translation.All credit goes to original author.