Chapter 20:ပြန်ပေးဆွဲရန်

3.3K 566 12
                                    

(မကောင်းဆိုးဝါး၏ အသိုက်အတွင်း၌ပိတ်မိခြင်း)

ဝမ်တဟူသည်ကူကယ်ရာမဲ့နေသောမျက်နှာဖြင့် မျက်ဆန်ကို လှန်လိုက်မိ၏။သူရှေ့မှသက်လတ်ပိုင်းအရွယ် အမျိုးသမီးသည် အတော်လေး "နားပူနားဆာ"လုပ်နေသည်ဟု ခံစားလိုက်ရလေသည်။

"ဆရာမ ကျွန်တော်တကယ်မှားပါတယ်! ကျွန်တော်ဒီနေ့ကစပြီး စွန်းတကျွမ်းကိုမနှောင့်ယှက်တော့ဘူးလို့ကတိပေးပါတယ် အဲ့တာဆိုအဆင်ပြေပြီလား?"

ဆရာမကျောက်သည် ရှစ်ရာဒီဂရီရှိသောအဝေးမှုန်မျက်မှန်ကို နှာခေါင်းပေါ်တွန်းတင်ရင်းဆက်လက်ဆူပူနေတော့သည်။

"မင်းကျောင်းစတက်ကတည်းက ဒီလိုကတိပေးလာတာ ဒါနဲ့ဆိုရှစ်ကြိမ်မြောက်ရှိနေပြီ! အတန်းဖော်တွေအားလုံးတစ်ယောက်နဲ့တစ်ယောက်ခင်ခင်မင်မင်နေရမယ်လေ မင်းရဲ့အတန်းဖော်တွေကိုအနိုင်ကျင့်နေတာ ကောင်းသလား မင်းကရွာသူကြီးရဲ့မြေးဆိုတာနဲ့ကျောင်းမှာလုပ်ချင်ရာလုပ်လို့ရနေပြီလို့မထင်လိုက်နဲ့! ငါဒီကိစ္စကိုသေချာပေါက်လက်မခံနိုင်ဘူး!"

၎င်းကိုကြားလျှင်ဝမ်တဟူကလှောင်ပြောင်လိုက်ပြီး ယဉ်ကျေးစွာဖြင့်သာပြောလိုက်၏။

"ကျွန်တော့်အဘိုးကရွာသူကြီးလေ ဟုတ်တာပေါ့!  ဒါပေမယ့်ဆရာမကလည်း စွန်းတကျွမ်းရဲ့အဒေါ်ပဲမဟုတ်ဘူးလား? ဒီနေရာမှာဘယ်သူကများအထူးအခွင့်အရေးကိုအလွဲသုံးစားလုပ်နေတာဖြစ်မလဲ!"

"မင်း—"

ဆရာမကျောက်၏အမူအယာက ရုတ်တရက်ဖြူဖျော့သွား၏။

ရုံးခန်းထဲ၌ဆရာမတော်တော်များများရှိနေပြီး ၎င်းကိုကြားသောအခါမော့ကြည့်လာသဖြင့် ရှက်ရွံ့စရာအခြေအနေတစ်ခုကိုခံစားလိုက်ရပြီး ပို၍ပင်အလျော့ပေး၍မရတော့။

"ဆရာမက ကျွန်တော်စွန်းတကျွမ်းကိုအနိုင်ကျင့်တာကိုပဲပြောနေတယ် သူဘာလုပ်ခဲ့လဲဆိုတာကိုကျမမေးဘူးလား?ကျွန်တော့်ထိုင်ခုံပေါ်မှာသံမှိုတွေချထားတာ၊စားပွဲခုံပေါ်မှာနံစော်နေတဲ့စားကြွင်းစားကျန်တွေတင်ထားခဲ့တာ၊ခဲတံအိတ်ထဲကခံတဲတွေအားလုံးကိုချိုးပစ်တာတွေ ကစားကွင်းထဲကကြော်ညာစာကပ်တဲ့နေရာမှာ ကျွန်တော့်မိဘတွေကိုဆဲရေးတဲ့စာတွေရေးထားတာတွေ......ဒီကိစ္စတွေကို ဆရာမပြောတောင်မပြောခဲ့ဘူး တဟူကဗဟုသုတတွေသင်ယူဖို့ကျောင်းကိုလာတာ စိတ်တိုဖို့မဟုတ်ဘူး သူ့ကိုယ်တိုင်အရိုက်ခံချင်လို့အဲ့တာတွေလုပ်ခဲ့တာပဲ ကျွန်တော်ကဖြည်းဆည်းပေးလိုက်ရုံပဲလေ ဘာများမှားလို့လဲ?"

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now