Chapter 46:ခရစ္စမတ်(တောက်လောင်သောည)

2.5K 402 5
                                    

လီချင်းရန်၏မျက်နှာပေါ်ရှိ အမူအရာသည် အလွန်တည်ငြိမ်နေသော်လည်း သူပြုလုပ်လိုက်သောအပြုအမူကြောင့် ဝမ်တဟူမှာတော့မငြိမ်သက်နိုင်တော့။သူ၏သွယ်လျသောလက်ချောင်းများက ရင်ဘတ်ပေါ်ရှိကြယ်သီးများကို တစ်လုံးချင်းဖြုတ်လိုက်ကာ ညှပ်ရိုးနှင့်ဖြူဝင်းသောရင်ဘတ်တို့က ဝမ်တဟူ၏ရှေ့တွင်ပေါ်ထွက်လာတော့သည်။

"ငါ့ကိုဖက်ထား!"

သူကဆိုလာ၏။

ဝမ်တဟူကတံတွေးများကိုခက်ခက်ခဲခဲမျိုချလိုက်ပြီး ရုတ်တရက်ထရပ်ကာညင်သာနူးညံ့ခြင်းအလျင်းမရှိတော့ဘဲ အိတ်တစ်လုံးကိုထမ်းထားသလို လီချင်းရန်အားသူ့ပခုံးပေါ်ထမ်းတင်ကာခေါ်သွားတော့သည်။

အိပ်ခန်းတံခါးကိုဖွင့်လိုက်ပြီးသည်နှင့် နှင်းဆီပွင့်ချပ်များဖုံးနေသောကုတင်ကြီးပေါ်တွင် လှဲချလိုက်လေသည်။

"မင်းကအရမ်းကိုနူးညံ့တာပဲ...."

ဝမ်တဟူသည် ပွင့်ဟနေသောပန်းရောင်နှုတ်ခမ်းလေးထံမှခေါင်းကိုမော့ကာ အောင်မြင်ပြီးနောက်ဖြူစင်ဟန်ဆောင်နေသောဂန်းစတားတစ်ယောက်လိုပြုမူနေတော့သည်။

လီချင်းရန်၏ကြည်လင်သောမျက်ဝန်းများ၌ အတိတ်နေ့ရက်များလိုချုပ်ထိန်းခြင်းမျိုးရှိမနေတော့ဘဲ စိတ်ရှုပ်ထွေးမှုများနှင့်သာပြည့်နှက်နေပြီး မောဟိုက်နေသဖြင့် အနမ်းကသူ၏အင်အားအလုံးစုံကိုလုယူသွားသည်မှာသေချာလှ၏။

"ဘယ်......ဘယ်တုန်းကပြင်ဆင်ထားတာ?...."

"မနေ့ညက....တိတ်တဆိတ်စီစဉ်ထားတာ....ဘယ်လိုလဲ သဘောကျရဲ့လား?"

ဝမ်တဟူကသူ၏ရင်ဘတ်ကိုညင်သာစွာခပ်ဖွဖွနမ်းရင်း ဖြေလျော့နေ၏။

မကောင်းသည့်အကြံအစည်များပြည့်နေသောဤကောင်လေးမှာ အမှန်တကယ်ကိုစီစဉ်ထားခဲ့ခြင်း!

သူ့ဘောင်းဘီအားညင်သာစွာဆွဲချလိုက်သည်နှင့် လီချင်းရန်ကနှုတ်ခမ်းကိုကိုက်ကာ ကြိမ်းမောင်းလာ၏။

"လူဆိုးကောင်!"

ဝမ်တဟူက၎င်းကိုကြားလျှင် ဂုဏ်ယူစွာပင်ပြုံးလိုက်လေသည်။

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now