Chapter 16:ခွေးများကို လွှတ်ပေးခြင်း

3.8K 659 17
                                    

(ဤအဖြစ်အပျက်သည် ဘယ်တော့မှမပြီးဆုံးနိုင်)

သူ၏အကြီးဆုံးများ"စိုးရိမ်မှု" ကိုစွန့်လွှတ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်လေသည်။အိမ်ပြန်ရောက်ပြီးနောက် ဝမ်တဟူပထမဆုံးလုပ်သည့်အရာမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းပင်။  နေမြင့်လာသောအခါ အိမ်မက်မက်နေသည့်အလားမျက်လုံးများကို ဖွင့်ကြည့်လိုက်မိသည်။

သေချာပေါက်ပင်။အိမ်ရှေ့ဆင်ဝင်မှ ကျယ်လောက်သောကျိန်ဆဲသံများသာ ထွက်မလာခဲ့ပါက သူ ဆက်အိပ်နေနိုင်သေး၏။

လီချင်းရန်သည် ကုတင်ပေါ်တွင်ထိုင်ကာ ပြတင်းပေါက်ကိုမှီလျက် ဖြူဖျော့နေသောမျက်နှာဖြင့်မျက်တောင်မခတ်ဘဲ အပြင်ကိုစိုက်ကြည့်နေလေသည်။

ဝမ်တဟူကစိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကုတ်လိုက်မိ၏။ထိုကောင်လေးကြည့်နေသည်အား မေးတော့မည့်အချိန်တွင် အမျိုးသမီးတစ်ဦး၏ နားကွဲမတတ်စူးစူးရှရှကျယ်လောင်သောအသံက ထွက်ပေါ်လာခဲ့သည်။

"တစ်ယောက်ယောက် လာကြပါ! အစ်ကိုတို့ အစ်မတို့နဲ့ တစ်ရွာထဲနေကြတဲ့သူတွေ ဒီကိုလာပြီးကြည့်ကြပါအုန်း! မင်းတို့ရဲ့ရွာသူကြီးကဦးဆောင်ပြီး လူတွေကိုရိုက်နေတယ်! ဒီမှာဥပဒေဆိုတာမရှိဘူး ဒါကလူသတ်မှုပဲ!"

ဝမ်ရှို့မင်၏ အကြည့်များကမဲမှောင်သွားတော့သည်။ ကြမ်းပြင်ပေါ်၌ ငိုကြွေးနေသော အကျည်းတန်သောထိုမိန်းမကို စိုက်ကြည့်နေ၏။သူက သိသာစွာအသက်ရှူထုတ်လိုက်ရင်း ပြောလာ၏။

"ဘာတွေလာပြောနေတာလဲ?! ဘယ်သူကမင်းကိုရိုက်လို့လဲ!! ဘယ်သူကမြင်တာလဲ?!!"

ယန်လီသည် ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ လူများ ဝိုင်းအုံလာသည်ကိုမြင်လိုက်ရပြီး အလိုလိုရဲရင့်လာတော့သည်။သူမသည် ကြမ်းပြင်ပေါ်တွင်ထိုင်ကာ ခြေထောက်များကိုကန်ထုတ်ရင်း ခေါင်းကို လက်ညှိုးထိုးပြကာ အော်ဟစ်လေတော့သည်။

"နင်ကမလုပ်ဘူးလို့ ပြောရဲသေးတယ်ပေါ့!နင်တို့အိမ်က ဟိုခွေးကောင်လေးကငါ့ကိုရိုက်သွားတယ် ငါ့ခေါင်းနဲ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကိုကြည့်အုန်း ဒါတွေအားလုံးက နင်ရဲ့မြေးကြောင့်ဖြစ်ရတာ ငါ့ကိုပြန်ပေးဆပ်ဖို့ နင့်ကိုမရှာရင်ငါကဘယ်သူ့ကိုသွားရှာရမှာလဲ?!"

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now