Chapter 28:Homosexual Love (2)

3.5K 581 15
                                    

(နေမကောင်းမှုအားမှီခိုရင်း စိတ်ကြီးဝင်နေသောဝမ်တဟူ)

လုံရိမင်၌ဒဏ်ရာအပြင်းအထန်ရရှိခဲ့လေသည်။

သေချာပေါက်ပင် ကုလားထိုင်ဖြင့်ခေါင်းကို ရိုက်ခံရသူတိုင်းက သူ့လိုအနည်းဆုံးနာရီအနည်းငယ်ကြာ မေ့မြောနေပေလိမ့်မည်။

ကံကောင်းထောက်မစွာ အသက်အန္တရာယ်မရှိပေ။

ဝမ်တဟူသည် ဆေးရုံကုတင်ဘေးတွင်ရပ်ကာ ငေးငိုင်ရင်းလမ်းပျောက်နေသော chihuahuaကိုကြည့်ရင်း မနေနိုင်တော့ဘဲရှေ့နှစ်လှမ်းတိုးကာ သက်တောင့်သက်သာဖြစ်အောင် ပြောလိုက်လေသည်။

" ဦးလေး စိတ်မပူပါနဲ့ မွေးစားဖေဖေကသေချာပေါက်ပြန်ကောင်းလာမှာပါ"

"ငါသိပါတယ်"

ဝမ်ယောင်းကျူသည် ခေါင်းကိုပတ်တီးဖြင့်ပတ်ထားသော လုံရိမင်ကိုစိုက်ကြည့်ရင်း

"သူအဆင်ပြေမှာပါ အဆင်ပြေကိုပြေမှာပါ..."

"ဦးလေး!"

"ဒါငါ့အမှား ဒါငါ့အမှားပဲ ငါကပျော့ညံ့လွန်းတယ် ရှက်ကြောက်လွန်းတယ် လောဘကြီးပြီး ဘာကိုမှမဆုံးရှုံးချင်ဘူး ဒါကြောင့်ဘုရားကပြစ်ဒဏ်ပေးကိုပေးမှာပဲ ဒါပေမဲ့ဒီပြစ်ဒဏ်ကဘာလို့သူ့အပေါ်ကျရောက်နေရတာလဲလို့! ငါ့ကိုသာအပြစ်ပေးလိုက်စမ်းပါ......"

ဝမ်တဟူက သူထပ်၍ငိုလာတော့မည်ကိုမြင်လျှင် လေးလေးပင်ပင်သက်ပြင်းချလိုက်မိပြီး chihuahuaမှာ အသက်နှစ်ဆယ်ရှိနေပြီဖြစ်သော်လည်း အမြဲတမ်းကလေးလေးလိုဖြစ်နေကာ လုံရိမင်၏ကာကွယ်ပေးမှုအောက်တွင်ကောင်းစွာ ရှိနေခဲ့ခြင်းကြောင့် အပြစ်ကင်းစင်ကာဖြူစင်လွန်းလှ၏။

လွန်ခဲ့သောရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များက သူ့ကိုအံသြသင့်ကာ ဖိအားများစေခဲ့သည်မှာ သိသာထင်ရှားလှ၏......

သို့သော်သူ၏ယခင်ဘဝတွင် chihuahuaနှင့်ထပ်တူခံစားခဲ့ရသည့်ဝမ်တဟူသည် အချိန်ကြာလာသည်နှင့်အမျှ ဝမ်ယောင်းကျူမှာနောက်ပြန်ဆုတ်၍မရနိုင်တော့ကြောင်း သိနေခဲ့လေသည်။

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now