Chapter 4:ဆွေမျိုးများ

5.8K 900 7
                                    

(ဒီအစွန်းနှစ်ဖက်ကိုကြည့်ပါ)

"အာ!"

ရုတ်တရက် ကျယ်လောင်သော အသံတစ်ခုကထွက်ပေါ်လာခဲ့လေသည်။ မရင်းနှီးသော အမျိုးသမီးထံမှထွက်ပေါ်လာခြင်း။

"ဒါကရွာသူကြီးအိမ်က သခင်လေးမဟုတ်ဘူးလား?ကြည့်စမ်း သူကဘယ်လောက်တောင် ချောလိုက်သလဲ! မင်းသူ့ကိုမြင်တာနဲ့တင်သူက အရေးပါတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာမယ်ဆိုတာ သေချာပေါက်ပြောနိုင်လိမ့်မယ်"

What the hell!

ဘာကိုသခင်လေးလဲ? ဒါကိုပဒေသရာဇ်ခေတ်လို့များထင်နေတာလား?

ဝမ်တဟူက လှည့်လိုက်ကာထိုလူနှစ်ယောက်ကို အထင်သေးစွာကြည့်လိုက်၏။

ယခု စကားပြောနေသည့်အမျိုးသမီးမှာအသက် ၃၈၊ ၃၉ ဝန်းကျင်ပင်။သူမ၏ အသွင်အပြင်က ပိန်ပါးပြီးအရပ်ကပုလေသည်။သူမသည် မောပန်းနွမ်းနယ်နေပုံရပြီး ပါးရိုးမြင့်လေသည်။တစ်ချက်ကြည့်ရုံဖြင့် သူမသည်နာကြည်းမုန်းတီးနေပြီး ရွဲ့ပြောနေကြောင်းသိနိုင်လေသည်။

တစ်ဖက်ရှိအမျိုးသားမှာတော့ ဆန့်ကျင်ဘက်ဖြစ်ပြီး လူကောင်ကြီးကာသန်မာလေသည်။ သူ့မျက်နှာမှာ မှိုင်းညို့နေပြီးမောက်မာသည့်အရိပ်အယောင်များရှိနေ၏။

ခဏအကြာတွင် ဝမ်တဟူသည်ထိုလူများကို မှတ်မိသွားခဲ့လေသည်။

ခုံးတကော နှင့်ယန်လီပင်။

လီချင်းရန်၏ ဦးလေးနှင့်အဒေါ်ဖြစ်လေသည်။

ထိုလူနှစ်ယောက်မှာ ဒီရွာမှမဟုတ်သော်လည်းတဖက်ရွာရှိခုံးမိသားစုမှဖြစ်လေသည်။

သူတွေးတောကြည့်လိုက်ရာ မနေ့ကသူ့အဘိုးမှခုံးရှို့မေ့၏အမေအား အကြောင်းကြားရမည်ဟုပြောခဲ့သည်ကိုသတိရသွားခဲ့လေသည်။

ယန်လီသည် ရွာသူကြီး၏မြေးတဟူကို အလွန်စိတ်ဝင်စားနေခဲ့၏။သူမသည် သူ့အကြောင်းကို အဆက်မပြတ်ပြောကာ မရပ်မနားပေါက်ပေါက်ဖောက်နေ၏။သာမန်ကလေးတစ်ယောက်ဆိုလျှင် သူတို့မိသားစုတစ်ခုလုံး၏လျှို့ဝှက်ချက်ကိုပင် သူမအားပြောပြမိလောက်၏။

Reborn Only to Love You Again || ဘာသာပြန် 《Completed》Onde histórias criam vida. Descubra agora