Chapter 23:တရားမျှတမှု၏ပိုက်ကွန်

3.4K 630 18
                                    

(လူဆိုးတွေကမလုပ်နိုင်ဘူး)

တရားမျှတမှု၏ပိုက်ကွန်သည် မလွဲမသေလျော့ရဲနေသည့်တိုင် လွတ်မြောက်ခွင့်တော့မရှိပေ။

ဝမ်တဟူကိုကယ်တင်လိုက်ခြင်းဖြင့် ဆာရှိမီအမျိုးသားများဦးဆောင်သော "လူကုန်ကူးသူများ" အဖွဲ့ကိုနောက်ဆုံးတွင် ဖမ်းဆီးခဲ့လေသည်။

ဤအဖွဲ့သည် အရှေ့မြောက်ပိုင်းပြည်နယ်များတွင် နှစ်ပေါင်းများစွာလှည့်လည်သွားလာနေခဲ့ပြီး အထူးသဖြင့်အမျိုးသမီးနှင့်ကလေးများကို ပြန်ပေးဆွဲရောင်းချခြင်းအတွက် ထိုက်တန်လှသည့်ဒဏ်ခတ်ခြင်းကို ရရှိခဲ့၏။

ဆာရှိမိမှာသေဒဏ်ချမှတ်ခံရပြီး ရှောင်ဟွမ်မောင်နှင့်သတ်လတ်ပိုင်းအရွယ်အမျိုးသမီးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့လေသည်။

ဝမ်တဟူကိုမုန်းတီးမှုဖြင့် သွားများထံမှပင်အူးမြူးနေသော ခုံးတကောမှာလည်းထုံးစံအတိုင်းပင်မကောင်းခဲ့။ထောင်ဒဏ်ဆယ့်ငါးနှစ် ချခံခဲ့ရ၏။ဖမ်းဆီးခံရပြီးနောက်တစ်နေ့တွင် မုဆိုးမလေးသည်စော၍မီးဖွားရန်ဆေးရုံသို့သွားခဲ့လေသည်။သန္ဓေသားမှာယောက်ျားလေးဖြစ်နေခဲ့သည့်တိုင် သူ့ဘဝကမကောင်းမွန်ခဲ့သလို ထိုမျှကြမ်းကြုတ်ရက်စက်သောမိဘများကလည်းရှိနေသေး၏။

သားဖြစ်သူမှာရဲများကဖမ်းသွားကာ ထောင်ချခံခဲ့ရ၏။မွေးလာတော့မည်မြေးဖြစ်သူမှာလည်း မွေးဖွားနေစဉ်အတွင်း "သေဆုံး"သွားလေသည်။အဘွားကြီးခုံးသည် ဤမျှကြီးမားသောထိုးနှက်ချက်ကိုမခံနိုင်တော့ဘဲ ချက်ခြင်းပင်နာမကျန်းဖြစ်ကာ သေဆုံးခါနီးအဆင့်သို့ ရောက်ရှိနေပြီဟုပြောကြလေသည်။

ဝမ်တဟူကတွေးလိုက်မိ၏။

သေချာပေါက်ပင်—ယန်လီသည်အဘွားကြီးဘေးတွင်ရှိနေသဖြင့် သေချင်လျှင်ပင်ဤမျှသက်တောင့်သက်သာဖြင့်သေနိုင်မည်မဟုတ်ပေ။

ပြန်ပေးဆွဲခံရပြီး လူကုန်ကူးခံရသည့်ခုံးစွေ့ဖင်းကိုပြည်သူ့လုံခြုံရေးအဖွဲ့များက ကယ်တင်နိုင်ခဲ့ပြီး နောက်တစ်နေ့တွင်ကလေးမလေးက မျက်ရည်များဖြင့်တံခါးလာခေါက်ကာ တောင်းပန်ခဲ့လေသည်။အဖေဖြစ်သူကသူ့ကိုအတင်းအကြပ် ဤသို့လုပ်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု ဆို၏။ဝမ်တဟူက သူတို့နှင့်တူညီအောင် ကိုယ့်ကိုကိုယ်နိမ့်ပါးမသွားစေချင်သည့်တိုင် သူမကိုသူ့မျက်လုံးရှေ့၌ပင် နောက်တစ်ကြိမ်ထပ်မထားချင်တော့။

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now