Chapter 40:ယှဉ်ပြိုင်မှု

3K 501 8
                                    

(လီချင်းရန်သည်အမြဲတမ်း ခိုင်မာသည့်ဆုံးဖြတ်ချက်နှင့်လက်မလျော့ပဲအကောင်အထည်ဖော်နိုင်သည့် စွမ်းရည်ရှိလေသည်။)

လီချင်းရန်သည်အမြဲတမ်း ခိုင်မာသည့်ဆုံးဖြတ်ချက်နှင့်လက်မလျော့ပဲအကောင်အထည်ဖော်နိုင်သည့် စွမ်းရည်ရှိလေသည်။ယခုအင်္ဂလိပ်စာပြိုင်ပွဲဝင်ရန်ဆုံးဖြတ်လိုက်ပြီဖြစ်သဖြင့် ဝမ်တဟူမှာအတူပြန်လည်လေ့ကျင့်ခဲ့ရ၏။

အချိန်အများစု၌သူကဝမ်တဟူကိုကူညီပေးရင်း ခက်ခက်ခဲခဲဖြင့် စာကျက်ရန်တိုက်တွန်းတတ်လေသည်။

"မစဉ်းမစားပဲစားသောက်မိကာ သေရန်စောင့်ဆိုင်းနေသော"ကျားငတုံးလို သူ၏တစ်ဘဝလုံး၏ဆန္ဒများနှင့်စိတ်နှလုံးနစ်မြုပ်ပြီးကြိုးစားလုပ်ခဲ့လျှင်ပင် ဘာသာစကားစွမ်းရည်လိုအပ်သော အင်္ဂလိပ်လိုဘာသာရပ်အတွက် သာမန်အလယ်တန်းကျောင်းသားအများစုကဲ့သို့သာအင်္ဂလိပ်စာကို သင်ယူနိုင်ခဲ့လေသည်။

ရေးဖြေအတွက်အဆင်ပြေသော်လည်း အနေသောလူတစ်ယောက်လိုပင် နှုတ်ဖြင့်ပြောရသည်အခါ အလွန်အမင်းရှုပ်ထွေးနေလျက်။ထို့ကြောင့် အရှေ့မြောက်ပိုင်း၏လေယူလေသိမ်းကိုပြုပြင်ရန်အတွက် လီချင်းရန်သည်သူ့အားတစ်လကြာ အရေးပေါ်လေ့ကျင့်မှုကိုစတင်ခဲ့ရလေသည်။

ဝမ်တဟူက ဤကြောင်ပေါက်လေးအားအလုပ်ကြိုးကြိုးစားစားလုပ်ပါရန် မည်သည်ကခြိမ်းခြောက်ထားသည်လည်း မသိသော်လည်း သူကတော့သူ့ဇနီးလေး၏အမိန့်ကိုမနာခံဘဲ မနေဝံ့သည့်အတွက် မျက်ရည်ကျနေရုံသာတတ်နိုင်ခဲ့လေသည်။

ဤနည်းအားဖြင့် စာမေးပွဲအဆင့်ဆင့်ဖြေဆိုပြီးနောက်မြို့တော် H ၏တွဲဖက်အလယ်တန်းကျောင်းသည် ကျောင်းကိုယ်စားပြုငါးဦးကိုရွေးချယ်ခဲ့လေသည်။

၎င်းတို့မှာအတန်း ၈ မှ လီချင်းရန်၊ဝမ်တဟူ ၊ချောင်ရှစ်ယွီ၊အတန်း၄မှ ကျိုးဟွေ့နှင့် အတန်း၇မှ သိုက်ဝမ်ပေါ်တို့ပင်။အဖွဲ့တွင်အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးပါဝင်ပြီး အဖွဲ့ခေါင်းဆောင်မှာ ယွီအမည်ရှိအမျိုးသမီး ဆရာမဖြစ်လေသည်။

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now