Chapter 61:စစ်ဆင်ရေး

2K 373 12
                                    

ဖုန်းနန်ပြေးထွက်သွားပြီးနောက် ဝမ်တဟူနှင့်အခြားသူများသည် တစ်ခုခုဖြစ်မည်ကိုစိုးရိမ်သောကြောင့် သူ့နောက်ကိုလိုက်ရန် အလုပ်များနေကြတော့သည်။

က​လေး​လေးမှာသေးငယ်လှသော်လည်း အတော်လေးလျင်မြန်စွာပြေးသွားသောကြောင့် မျက်​စိတစ်​မှိတ်​အတွင်း ပျောက်​သွားလေသည်။

တောင်ပေါ်၌လိုင်းမမိသဖြင့် ဖုန်းခေါ်၍လည်းမရပေ။သီးခြားလူခွဲ၍ရှာရန်မှလွဲ ရွေးချယ်စရာမရှိတော့။

ကောင်းလင်ဖုန်းကမြောက်ဘက်ရှိအဓိကလမ်းမကြီးအတိုင်းသွား၍ လီချင်းရန်နှင့်ဝမ်တဟူတို့ကကျဉ်းမြောင်းသောလမ်းမှတောအုပ်ဆီသို့သွားလိုက်ကြ၏။

ဝမ်တဟူမှာနှလုံးသားမဲ့စွာပင် ငိုကာပြေးထွက်သွားသောမှိုငယ်လေးအားရှာရန်ဆိုသည်အား စိတ်ထဲမှခဏဖယ်ထားလိုက်ပြီး ကောင်းမွန်လှသောစိတ်အခြေအနေဖြင့် လမ်းဘေးရှိတောရိုင်းပန်းလေးများကိုပင်ခူးလိုက်သေး၏။

လီချင်းရန်၏ခေါင်းပေါ်ဝတ်ဆင်နိုင်မည့်ပန်းကုံးလေးတစ်ခုဖြစ်အောင်ပြုလုပ်ရန် သွက်လက်စွာဖြင့်လက်များကိုလှုပ်ရှားလိုက်၏။

သို့သော်သနားစရာကောင်းစွာပင် တစ်ဖက်လူကသူ၏ကြင်နာမှုကိုအသိအမှတ်မပြုဘဲ အေးစက်စက်ဖြင့်မနှစ်သက်သည့်အကြည့်မျိုးဖြင့်သာကြည့်လာ၏။

ဝမ်တဟူက ထိုကောင်ငယ်လေးမှာဘာကဘာဆိုသည်ကိုမသိကြောင်းညည်းညူပြီးနောက် သူခေါင်းပေါ်တွင်သာဝတ်ဆင်လိုက်ရတော့သည်။

ခေါင်းပေါ်၌ပန်းသရဖူဆောင်းထားသော လူကောင်ကြီးလှသည့်အမျိုးသားတစ်ယောက်။ထိုကဲ့သို့ပုံစံမျိုးကအတော်လေးရယ်ချင့်စဖွယ်ဖြစ်နေမည်ကို ပြောစရာပင်မလိုပေ!

"အာ?"

ဝမ်တဟူကခေါင်းမော့ပြီး ရုတ်တရက်မဲမှောင်လာသည့်ကောင်းကင်ကိုကြည့်ကာ သူ့ဘေးနားမှလီချင်းရန်ကိုပြောလိုက်၏။

"မိုးရွာတော့မယ်ထင်တယ်?"

"ထစ်ချုန်းမိုးဖြစ်မယ်"

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now