Chapter 70: ရိုက်ခြင်း

2.6K 433 25
                                    

(ပထမဆုံးအကြိမ်ရန်ဖြစ်ခြင်း)

"မင်းတို့နှစ်ယောက်ဘာတွေပြောခဲ့တာလဲ?"

အိမ်ရောက်သောအခါတွင်ဝမ်တဟူသည်လီချင်းရန်ကိုပွေ့ဖက်ကာ သတိကြီးကြီးဖြင့်မေးလိုက်လေသည်။

"ဘာမှမဟုတ်ဘူး!"

လီချင်းရန်၏မျက်နှာမှာအနည်းငယ်အဆင်မပြေဖြစ်နေပြီး ထိုအကြောင်းကိုမပြောချင်သည်မှာသိသာလှ၏။

၎င်းကိုမြင်သောအခါ ဝမ်တဟူမှာအနည်းငယ်ပူပန်သွားသလိုခံစားလိုက်ရပြီး သူသာချင်းဝမ်အာအား "ကျောက်ကပ်အစားထိုးပေး"ခဲ့လျှင် အမေနှင့်သားမှာယခင်ကလိုပြေလည်သွားမည်ဟုစိတ်ထဲမှမျှော်လင့်ခဲ့မိသော်လည်း ရလဒ်မှာတော့ပို၍ပင်ဆိုးရွားသောဘက်သို့ဦးတည်သွားခဲ့လေသည် မဟုတ်ဘူးလား......

"ရန်ရန်!"

၎င်းကိုတွေးပြီးနောက် ဝမ်တဟူကတည်ငြိမ်စွာဖြင့်တိုက်ရိုက်သာပြောလိုက်လေသည်။

"တကယ်တော့မင်းညီမကိုကယ်ဖို့ဆိုတာက ကိုယ်သေချာစဉ်းစားပြီးမှချခဲ့တဲ့ဆုံးဖြတ်ချက်ပါ ကိုယ်ကဆန္ဒအလျောက်လုပ်ခဲ့တာပါ ဘယ်သူမှအတင်းအကြပ်မတိုက်တွန်းခဲ့ပါဘူး!! ဒါကြောင့်ကိုယ့်ကိုကိုယ်အပြစ်တင်နေစရာလည်းမလိုသလို မင်းအမေနဲ့ညီမကိုလည်းမုန်းတီးနေစရာမလိုဘူးနော်"

လီချင်းရန်သည် ထိုစကားကိုကြားသောအခါတွင် သူ့ခန္ဓာကိုယ်သည် သိသိသာသာတောင့်တင်းလာတော့သည်။သူကခေါင်းကိုဖြည်းညင်းစွာ မြှောက်လိုက်၏။ဖောက်ထွင်းမြင်နေရသည့်အေးစက်လှသော မှန်ဘီလူး၏အောက်တွင် ပို၍အုံ့မှိုင်းနေသော မျက်ဝန်းကတစ်စုံကရှိနေလေသည်။

"အဲ့တော့ဘာလဲ?"

သူကအေးစက်စွာပင် ထေ့ငေါ့လာ၏။

"မင်းကအရမ်းကိုဒီလိုမျိုးဂရုတစိုက်တွေးတောပြီး အမေနဲ့သားကိုပြန်ပေါင်းထုပ်စေချင်နေတာက ဘာအတွက်လဲ? မင်းအမြင်မှာငါကဝန်ထုတ်ဝန်ပိုးတစ်ခုလိုဖြစ်လာလို့ပဲမဟုတ်လား? ငါဆိုတဲ့ဒီဝန်ထုပ်ဝန်ပိုးကိုတခြားသူတွေဆီပစ်ပေးလိုက်ရင် မင်းလွတ်လပ်သွားမှာကြောင့်ပဲမဟုတ်လား?"

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now