Chapter 6:မသင်္ကာဖွယ်ရာများ

4.9K 702 54
                                    

(ဘဝရဲ့နေရာတိုင်းမှာ "အခြေခံခံစားချက်" ဆိုတာရှိတယ်)

သူတို့နှစ်ယောက်က လူငယ်လေးများပင်။

ပထမလူသည် ချောမောသော မျက်နှာ၊ ပျော့ပျောင်းသောလှိုင်းတွန့်ဆံပင်များနှင့် ကြီးမားကာအပြစ်ကင်းသောမျက်လုံးတစ်စုံဖြင့် ထိုလူဟာယောက်ျားတစ်ယောက်ဖြစ်လင့်ကစား အလွန်ပင် လှပလေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူကchihuahua(1)နှင့်ဆင်တူသည်ပင်။

နောက်တစ်ယောက်ကတော့ အရပ်ရှည်ရှည်တောင့်တောင့်ဖြောင့်ဖြောင့်ဖြင့် အင်္ကျီအနက်ကို၀တ်ထားကာ ထိုင်နေချိန်မှာတောင် ရင်သပ်ရှုမောဖွယ်ကောင်းနေ၏။

ဝမ်တဟူသည် မျက်လုံးများကိုမှေးကာကြည့်လိုက်ပြီး သူ၏ပုကာဝကစ်နေသောခန္ဓာကိုယ်လေးသည် မျက်စိတစ်မှိတ်အတွင်း၌ချောမောလှပသောအမျိုးသားလေး၏ ရင်ခွင်ထဲသို့တိုးဝင်သွားတော့သည်။

"ဦးလေး တဟူကအရမ်းလွမ်းနေတာ!"

အသက်နှစ်ဆယ်ကျော်အရွယ် ဝမ်ယောင်းကျူသည် ချက်ချင်းဆိုသလိုပင်သူ့ပါးပြင်များ အနီရောင်ပြောင်းသွားသည်ကို ခံစားလိုက်ရ၏။

ဦးလေးနှင့်တူ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်နေသည်ကိုတွေ့လိုက်ရသည့် ကျန်သည့်လူအားလုံးကတပြိုင်နက် ရယ်မောလာကြ၏။

ဝမ်တဟူသည် ဦးလေး၏ပေါင်ပေါ်တွင် ထိုင်နေပြီး သူ့မျက်လုံးကြီးများကဘေးကို လျှို့ဝှက်စွာစိုက်ကြည့်နေခဲ့သည်။အမှန်တော့ တစ်ဖက်လူကမျက်မှောင်ကြုတ်နေ၏။၎င်းကိုမြင်ပြီးနောက်သူကပိုလို့တောင်ဝမ်းသာသွားသလို ဆိုးသွမ်းစွာရယ်မောလာတော့၏။

"အဟမ်း အဟမ်း"

တစ်ဖက်လူက ပေါ့ပေါ့ပါးပါးချောင်းဟန့်လိုက်၏။ သူ့မျက်နှာအမူအရာက "ဖော်ရွေ" နေကာ မေးလာ၏။

"ဒါဆို မင်းကအားကျူပြောတတ်တဲ့တဟူလား?"

ဝမ်တဟူကမျက်တောင်ခတ်လိုက်ပြီး ဦးလေး၏လည်ပင်းကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ကာ သံသယဖြင့်မေးလာ၏။

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now