(အမေနှင့်သား)
ဝမ်တဟူကအသက်ပြင်းပြင်းရှူလိုက်မိပြီး သူ့မျက်လုံးထဲ၌ ရှုပ်ထွေးသည့်အမူအယာများက ပိုမိုပြင်းထန်လာတော့သည်။
တစ်ချိန်က သူ့ကလေးကိုစွန့်ပစ်ပြီး တခြားယောက်ျားနှင့်ထွက်သွားခဲ့သည့် ထိုအမျိုးသမီးကို တစ်နေ့တွင် ပြန်တွေ့ရလိမ့်မည်ဟု သူတကယ် မထင်ခဲ့မိပေ။
"ရန်ရန်......"
သူပါးစပ်ကိုဖွင့်လိုက်သော်လည်း ရုတ်တရက် ဘာပြန်ပြောရမှန်းမသိတော့။တခြားသူများမသိသော်လည်း လီချင်းရန်ကိုနက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးပြီး နေ့တိုင်းအတူရှိနေခဲ့သည့်ဝမ်တဟူကတော့ ရန်ရန်မှာ သူ့အမေအကြောင်းတစ်ချိန်လုံးတွေးနေခဲ့သည်ကို စိတ်ထဲမှလေးလေးနက်နက်သိနေခဲ့ပါ၏။လီချင်းရန်ကတစ်ကြိမ်တစ်ခါမှထုတ်မပြောလာခဲ့သော်လည်း ညသန်းခေါင်အိမ်မက်ဆိုးမက်တိုင်း သူ၏မျက်ဝန်းထောင့်မှမျက်ရည်စများအပြင် သူ့အမေကိုတီးတိုးခေါ်ဆိုနေသံအား ဝမ်တဟူအမြဲမြင်ခဲ့ကြားခဲ့ရလေသည်။
"ရန်ရန် မင်းသူ့ကိုမုန်းနေလား?"
ထိုစကားကိုကြားပြီးနောက် လီချင်းရန်သည်ခေါင်းကိုအနည်းငယ်လှည့်ကာ သူ့ကိုမော့ကြည့်လာလေသည်။သူ့မျက်နှာပေါ်ရှိအမူအရာမှာအလွန်တည်ငြိမ်နေပြီး အကြာကြီးမတွေ့ခဲ့ရသည့်သူ့အမေကို မြင်လိုက်ရသည်မျိုးမဟုတ်သလိုပင်။
"...မသိဘူး"
အချိန်အတော်ကြာပြီးနောက် လီချင်းရန်ကတိုးတိုးလေးပြောလာ၏။
"တစ်ခါကပုံပြင်တစ်ပုဒ်ကို ဖတ်ခဲ့ဖူးတယ်
ဇာတ်လမ်းရဲ့အကြောင်းအရာကဒီလိုပါပဲ ယောက်ျားတစ်ယောက်နဲ့လက်ထပ်ထားတဲ့အမျိုးသမီးတစ်ယောက်ရှိတယ် ဒါပေမဲ့ယောက်ျားကလောင်းကစားသမားတစ်ယောက်လေ မိသားစုနဲ့ပိုက်ဆံတွေကိုဆုံးရှုံးရုံသာမက အမျိုးသမီးကိုလည်းအနိုင်ကျင့်ခဲ့တယ် နောက်ဆုံးတော့ အဲ့အမျိုးသမီးကသည်းမခံနိုင်တော့ဘဲထွက်ပြေးသွားခဲ့တယ် ထွက်ပြေးတဲ့အချိန်မှာ သူတို့ရဲ့တစ်နှစ်သားအရွယ်သားလေးကိုပါခေါ်သွားခဲ့တယ် ခင်ပွန်းဖြစ်သူရှာတွေ့သွားမှာကိုကြောက်ပြီး အမြဲအိမ်ပြောင်းနေခဲ့ရတဲ့အမျိုးသမီးက နေ့တိုင်းကြောက်လန့်နေရတဲ့ဘဝနဲ့နေထိုင်ခဲ့ရပေမယ့် ကလေးကိုအရမ်းချစ်ပြီးမိခင်ကောင်းတစ်ယောက်ဖြစ်လာဖို့လည်း မျှော်လင့်နေခဲ့တယ်လေ မျက်စိတစ်မှိတ်အတွင်းအချိန်တွေကကုန်ဆုံးသွားပြီး သုံးနှစ်ကြာသွားခဲ့တယ် လွန်ခဲ့တဲ့သုံးနှစ်တာကာလအတွင်းမှာ အဲ့အမျိုးသမီးကရှင်သန်ဖို့နဲ့ကလေးကိုပျိုးထောင်ဖို့အတွက် အရမ်းခက်ခဲကြမ်းတမ်းတဲ့ဘဝတစ်ခုမှာ နေထိုင်ခဲ့ရတယ် သူ့ရဲ့မျက်နှာကလည်းမလှပတော့သလို အသားအရေကလည်းမနုနယ်တော့ဘူး ဘဝရဲ့ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် အမျိုးသမီးကပင်ပန်းနွမ်းနယ်နေပြီ ဒါပေမဲ့ကလေးအတွက်ကြောင့်ဇွဲမလျော့ဘူး တစ်နှစ်ပြီးတစ်နှစ် ကလေးကကြီးပြင်းလာပြီး အေးစက်ကျဉ်းမြောင်းတဲ့မျက်ဝန်းတွေ၊မာကျောကျယ်လောင်တဲ့အသံတွေနဲ့ သူ့ရဲ့ခင်ပွန်းနဲ့တဖြည်းဖြည်းပိုတူလာတယ် အမျိုးသမီးအတွက်တော့ သူ့ရဲ့ဘဝတစ်လျောက်လုံးအရိပ်မဲကြီးချန်ထားခဲ့တဲ့လူကိုပြန်မြင်လာရသလိုပဲ ဒါကြောင့်အမျိုးသမီးကပိုပိုပြီးကြောက်ရွံ့လာခဲ့တယ်"
ŞİMDİ OKUDUĞUN
Reborn Only to Love You Again || ဘာသာပြန် 《Completed》
RomantizmOriginal Title: 重生只为再爱你一次 Author: 一个小瓶盖 Chapter: 76 Chapters (Completed) *MTLမှတိုက်ရိုက်ပြန်ဆိုခြင်းဖြစ်သည်။* I don't own any part of this story.This is just fun translation.All credit goes to original author.