Chapter 15:ရှောင်ယွီ

3.8K 684 32
                                    

(လီချင်းရန်၏ ဆုံးဖြတ်ချက်)

ခွဲစိတ်သည့်နေ့တွင်ဝမ်တဟူသည် အစောကြီးနိုးနေပြီး မထနိုင်မထိုင်နိုင်ဖြင့်။သူနှင့်ယှဉ်လျှင် လီချင်းရန်ကပင်ပို၍ တည်ငြိမ်နေသေး၏။

ကိုးနာရီတွင်လီချင်းရန်ခွဲစိတ်ခန်း ဝင်ခဲ့ရလေသည်။ဝမ်တဟူသည် စင်္ကြံရှိခုံတန်းရှည်တစ်ခုပေါ်တွင်ထိုင်ကာ တင်းကျပ်စွာပိတ်ထားသော ခွဲစိတ်ခန်းတံခါးများကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတော့သည်။တစ်စက္ကန့်ဟာ တစ်နှစ်လောက်ကြာနေသလိုပင်။

အချိန်များကဖြည်းညှင်းစွာကုန်ဆုံးလာပြီးနောက် ဝမ်တဟူဟာပိုပိုပြီးကြောက်ရွံ့ကာ စိတ်မရှည်တော့။

ယခုကဲ့သို့လိုခွဲစိတ်မှုမျိုးဟာ အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ ဆရာဝန်ကပြောခဲ့သော်လည်း အောင်မြင်သည်၊မအောင်မြင်သည်က လီချင်းရန်မသန်မစွမ်းဖြစ်သွားနိုင်ချေရှိ၊မရှိကို တိုက်ရိုက်ဆုံးဖြတ်မည်ဟု ပြောခဲ့လေသည်။

ဝမ်တဟူကအဘယ်မှာ စိတ်မပူပဲနေနိုင်တော့မည်လဲ?

ဝမ်ရှို့မင်က သူ့ဘေးတွင်ထိုင်နေလေသည်။အဘိုးသည်သူ့မြေး၏လက်သီးလေးများကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပုံအားကြည့်ရင်း ကလေးကို နှစ်သိမ့်ရန်ခေါင်းကို ပုတ်ပေးလိုက်၏။

လေးနာရီကျော်ကြာပြီးနောက်တွင် တံခါးအထက်ရှိမီးသည်ခွဲစိတ်မှုပြီးကြောင်းပြသရန် နောက်ဆုံးတွင် ပိတ်သွားခဲ့လေသည်။

ဝမ်တဟူကခုန်ထပြီး တံခါးကိုတွန်းဖွင့်လာသည့်ဆရာဝန်ဆီပြေးသွားကာ ဘယ်လိုဖြစ်သွားလဲဟုထပ်ခါတလဲလဲ မေးနေတော့သည်။

"စိတ်မပူပါနဲ့! ခွဲစိတ်မှုကအောင်မြင်ပါတယ် သူ့ကျန်းမာရေးကို ရေရှည်ရိုက်ခတ်မှုရှိတော့မှာဟုတ်ဘူး"

ထိုစကားကိုကြားပြီးနောက် ဝမ်တဟူသည်စိတ်လှုပ်ရှားစွာဖြင့် ကြိမ်ဖန်များစွာအော်ဟစ်နေခဲ့လေသည်။

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now